Part-93

3.2K 144 2
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၉၃)

"မယ်.. သမီးလေး"

ချိုကြည်ပြီး နူးညံ့နွေးထွေးသောအသံလေးက နားစည်မှတစ်ဆင့် နှလုံးသားထိတိုင် လှုပ်ကိုင်လာသဖြင့် မယ်မျက်လုံးလေးတွေ ပွင့်လာ၏။

"ဟင် ဖေဖေ.."

ဟုတ်ပါရဲ့.. ဟိုး အမှောင်ထုထဲ၌ ဖေဖေကသူမကိုငေးပြီးကြည့်နေပါသည်။ ဖေဖေ့မျက်နှာက ပင်ပန်းမှုတွေကြောင့် နွမ်းလျနေသော်လည်း သူမအတွက် အပြုံးနွေးနွေးတစ်ခုကတော့ ရှိနေဆဲ..။

"အားမငယ်နဲ့နော် ကလေး ဖေဖေဒီမှာရှိနေတယ် သမီးလေးအနားမှာဖေဖေရှိနေတယ် "

"ဖေဖေ..."

မယ်ဘာစကားမှမပြောလိုက်နိုင်ခင်မှာပင် ဖေဖေ့အရိပ်က ပျောက်ကွယ်သွားသဖြင့် မယ် အထိတ်တလန့်အော်ခေါ်မိ၏။ သို့သော် ဖေဖေ့ကိုမမြင်တွေ့ရတော့သလို သူမသည်လည်း အိပ်မောကျနေရာမှ ဖျပ်ခနဲ့နိုးထလာသည်။

ဖေဖေသူမဆီလာသွားခဲ့သည်ပဲ။ ဘာမှမပြောရသေးခင် ပြန်ပျောက်ကွယ်သွားသည့်အတွက် မယ်မတင်မကျဖြစ်ရ၏။ သို့သော် မယ်အများကြီးတွေးချိန်မရလိုက်ပါ။ စိမ်းသက်သည့် ပတ်ဝန်းကျင်ကို သတိထားမိတော့ မယ်တအံ့တဩဖြစ်သွားရတော့သည်။

သူမဘယ်ရောက်နေသလဲ။ အတွေးဖြင့် ထရပ်ပြီး ဘေးဘီဝဲယာကိုကြည့်မိ၏။ အခန်းကျဉ်းလေးတစ်ခုထဲ သူမရောက်နေသည်။ ညကဂူတစ်ခုထဲအိပ်နေသည်ကို ဘယ်လိုလုပ် အခန်းထဲရောက်နေရသည်လဲ။ ပြီးတော့ ကိုကြီးမိန့်ခွန်းရော ဘယ်ရောက်နေပါလိမ့်။

ဇဝေဇဝါအတွေးများဖြင့် မယ်အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အလွယ်တကူပင်ပွင့်သွားသဖြင့် သူမလည်းအပြင်ထွက်လာလိုက်၏။ အခန်းပြင်အထွက်..

"ဟင်..."

မြင်ရသည့်မြင်ကွင်းကမယ့်ကိုအတော်လေးအံ့ဩတုန်လှုပ်သွားစေသည်။ မှိုင်းပျပျအလင်းရောင်အောက်၌ ညို့မှိုင်းနေသော ကျောက်ဂူ။ ပြီးနောက် နေရာအနှံ့တွင် ပုံစံမျိုးစုံရှိနေသော တလက်လက်တောက်နေသည့်ရတနာများနှင့် ပစ္စည်းပေါင်းများစွာ။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now