Part-49

3.9K 173 7
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၄၉)

"ဟေး.. ဟေး .. ဟေး.."

"ဒုံး... တလုံး.. ဒုံး"

မီးပုံဘေးတွင် ပျော်မြူးစွာဝိုင်းပတ်ကနေသည့်စုံတွဲများ၊ ဗုံတွေအပြိုင်တီးခတ်နေကြသည့် လူငယ်လူလတ်များ၊ အရက်သောက်လိုက် သီချင်းအော်ဆိုလိုက်လုပ်နေကြသည့်အများစုကတော့ လူကြီးပိုင်းအရွယ်တွေ..။

အို.. ချစ်စဖွယ်ကောင်းလှပေစွ။

မြိုင်မြိုင်ဆိုင်ဆိုင်နှင့်သက်ဝင်နေသည့် မီးပုံပွဲကိုကြည့်ပြီး မယ်သည် အလိုလိုရွှင်မြူးလာတော့၏။ မယ့်နှုတ်ခမ်းလေးတို့သည်လည်း ကြည်လင်သောအပြုံးရိပ်တို့ တွဲခိုလာတော့သည်။

ထို့အတူ ပြုံးခဲလှသည့်သူ့နှုတ်ခမ်းတွင်လည်း အပြုံးတွေဝေနေသည်ကို မယ်သတိပြုမိသည်။ အခါတိုင်းကဲ့သို့ မှုန်ကုပ်တင်းမာမနေဘဲ သူ့မျက်နှာက ကြည်ကြည်လင်လင်ရှိနေတော့ အတော်ကိုကြည့်ကောင်းနေသည်ဟု မယ်မြင်မိ၏။

ခြင်္သေ့မင်းဟုမဆိုရပါ။ ရွှေညိုရောင်ဝတ်လွှာကြီးနှင့်ခန့်ညားထည်ဝါနေသောသူ့ကိုမသိမသာခိုးကြည့်နေမိရင်းမှ ဟိုဘက်ကပြန်ခိုးကြည့်သည့်အချိန်နှင့်တိုးတိုင်း ရင်တွေဖိုသီဖတ်သီဖြစ်သွားပြီး စိတ်တွေလှုပ်ရှားသွားလျက် ရှက်သွားရသည်မှာလည်းအမော..။

"မယ်သောက်ပါဦး.."

စီရာက အရက်အိုးကြီးကိုင်ပြီးဆိုလာတော့ မယ်ကပျာကယာခေါင်းခါလိုက်ရင်း

"ဟင့်အင်း.. မယ်မသောက်တတ်ဘူး"

"မသောက်တတ်လည်းသောက်ရမယ် မီးပုံပွဲမှာဘယ်သူမှမမူးဘဲ မပြန်ရဘူး ဒါဓလေ့ထုံးစံပဲ.."

"ဟုတ်တယ်မမလေးရဲ့ ငွေမြို့တော်အရက်ကလည်း မခါးပါဘူး အခါးနဲ့အချိုနှစ်ခုရှိတယ် ခါးပြီးပြင်းတာမသောက်ချင်ရင် အချိုသောက်လို့ရတယ် သောက်ကြည့်လိုက်မမလေး ဟီး ချိုမြိန်မြိန်လေးနဲ့ သောက်လို့ကောင်းတယ်.."

ရွှေဖြူကပါဝင်ပြောလာတော့ မယ်ဆက်မငြင်းတော့ဘဲ စီရာကမ်းပေးသည့်အရက်ခွက်ကိုယူလိုက်၏။ အများကြားတွင် ကိုယ်တစ်ယောက်တည်းမသောက်သည်က မျက်နှာပူရပြီးအားနာစရာကောင်းသည်မဟုတ်လား။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now