Part-96

4.6K 178 11
                                    

Unicode
~~🏞ငွေမြို့တော်မှ

                              အမုန်းမြို့ရိုး🏞~~

အပိုင်း(၉၆)

"ဟင်..."

သိင်္ဃ့လမ်းတစ်ဝက်မှာတင် ဖျပ်ခနဲ့လန့်နိုးလာခဲ့၏။ သူ့ကိုစစ်သည်တွေက ထမ်းစင်၌ထမ်းခေါ်လာသည်ကို သတိပြုလိုက်သည်နှင့်

"ရပ်စမ်း.."

သူ့အမိန့်ကြောင့် ၎င်းတို့ခြေလှမ်းတွေတုန့်ခနဲ့ ရပ်သွားသည်။ သိင်္ဃ့ ချက်ချင်းထမ်းစင်ပေါ်မှ ဆင်းလိုက်တော့..

"အရှင်.. အရှင့်မှာဒဏ်ရာတွေအများကြီးရှိနေပါတယ် "

အမှုထမ်းတစ်ယောက်က စိုးရိမ်တကြီးဆိုသော်လည်း သူဂရုမစိုက်ဘဲ..

"နတ်မိမယ် မိန့်ခွန်းအာဏာနဲ့ရှိနေတုန်းပဲ ငါသူ့ကိုသွားကယ်ရမယ်.."

"အရှင်ဒဏ်ရာရထားပါတယ် အရင်ဆုံးမြို့တော်သွားပြီးဆေးကုသမှုခံယူလိုက်ပါ ဒီဘက်ကကိစ္စအားလုံးကို ကျွန်တော်တို့တာဝန်ယူထားပါ့မယ်.."

"မဖြစ်ဘူး.. မိန့်ခွန်းအာဏာကိုငါပဲရင်ဆိုင်မယ် ငါ့အတွက်စိတ်မပူနဲ့ ငါ့ဒဏ်ရာတွေပျောက်ကင်းနေပြီ.."

ထိုစကားကအမှန်တကယ်ပင်ဖြစ်သည်။ နိုးထလာသည်နှင့် သူ့နာကျင်မှုတွေအားလုံးတို့က ထူးခြားစွာပင် ပျောက်ကွယ်သွားပြီဖြစ်၏။ သူကဤအရာကိုအံ့ဩနေမိခြင်းမျိုးတော့ မရှိပါ။ မအိပ်စက်ခင်က ငွေဥဒေါင်းဝိညာဉ်နှင့်တွေ့ခဲ့သည်ဖြစ်၍ သူမလက်ချက်မှန်းသူသိလိုက်ပါသည်။ သို့သော်အတွင်းက လှိုက်စားနေသည့်ဒဏ်ရာအနာတရတွေသာ ပျောက်ကင်းသွားခြင်းဖြစ်ပြီး ပြင်ပအရေပြားကအမာရွတ်တို့က ထင်ကျန်နေဆဲဖြစ်သည်။

ထို့ကြောင့်လည်းအမှုထမ်းကမယုံမရဲနှင့်

"ဒါပေမဲ့...."

သူအမှုထမ်းစကားကိုနားထောင်မနေတော့ဘဲ ဆတ်ခနဲ့လှည့်ထွက်လာလိုက်သည်။ ထိုအခါ အမှုထမ်းတို့က မနေသောတော့ဘဲ သူ့နောက်မှပြေးလိုက်လာခဲ့တော့သည်။

သိင်္ဃ့တားမြစ်ဂူရှိရာသို့ အလောတကြီးပင် ပြေးလာလိုက်၏။ သူ့ရင်ထဲတွင် နတ်မိမယ်အတွက် စိုးရိမ်ပူပင်မှုတွေနှင့် ပြည့်နှက်နေတော့သည်။ တားမြစ်ဂူအတွင်းသို့ရောက်တော့ ကြားလိုက်ရသော ညည်းညူသံနှင့် အော်ဟစ်သံများက သူ့ကိုပို၍ချောက်ချားသွားစေတော့၏။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now