Part-62

3.2K 148 6
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၆၂)

"ဟင်..."

ငွေမြို့တော်၏စစ်သည်တို့ကို ရှောင်ရှားရင်း တောင်ကမူတစ်ခုပေါ်သို့အရောက် လှမ်းမြင်လိုက်ရသည်က မြေခွေးပင်မစခန်းရှိရာဘက်သို့ ဦးတည်ပြေးလွှားနေသော မြင်းတစ်ကောင်နှင့် လူတစ်ယောက်။

သိင်္ဃ့မင်း၏ကိုယ်ရံတော်သီဟဖြစ်မည်။ မိန့်ခွန်း ချက်ချင်းပင် နတ်မိမယ်အတွက် စိုးရိမ်သွားမိ၏။ သူမြင်းဇက်ကြိုးကိုဆောင့်ဆွဲလိုက်ပြီး သီဟနောက်ကို အရှိန်တင်ပြေးလိုက်သွားဖို့ ကြံရွယ်လိုက်သော်လည်း..

"ဝှီး..."

စစ်သည်တော်တွေပစ်လွတ်လိုက်သည့်မြှားက သူတို့ထံသို့တဖွဲဖွဲကျလာသဖြင့် လွတ်အောင် မနည်းပင်ရှောင်တိမ်းနေရ၏။ မြင်ကွင်းကလည်းရှင်းနေတော့ ဒီအတိုင်းဆို ထိမှန်သွားနိုင်သည်ကို မိန့်ခွန်းသတိပြုမိသဖြင့်

"တောအုပ်ထဲဝင်မယ်.."

ဒုဓိဂါကိုလှမ်းအော်ရင်း မြင်းကိုတောအုပ်ဘက် ဦးတည်မောင်းလိုက်၏။ သစ်ပင်တောင်တန်းတွေက သူတို့ကိုမြှားဒဏ်မှ အကာအကွယ်ပေးနိုင်သည် မဟုတ်လား။ သို့သော်...

"ဝှီး..."

"အီး ဟီး ဟီး.."

စစ်သည်တစ်ယောက်ပစ်လိုက်သည့်မြှားကာ ဒုဓိဂါစီးနေသည့်မြင်းခြေထောက်ကို ထိမှန်သွားတော့ မြင်းမှာအထိတ်တလန့်အော်ဟစ်ပြီး ရုန်းကန်ပစ်လိုက်ရာ..

"အ...."

မြင်းပေါ်မှာဒုဓိဒါလည်း လိမ့်ကျသွားတော့သည်။ ကျသွားသည့်အရှိန်ကပြင်းတော့ မြေပြင်ပေါ် ဒလိမ့်ကွေးနှင့်ဆက်လိမ့်ဆင်းသွားသော ဒုဓိဂါမှာ ကံဆိုးစွာပင်

"ဟာ.."

အနီးနားကချောက်တစ်ခုထဲသို့ပါ ပြုတ်ကျသွား၏။ သို့သော်ချောက်ဆိုသည့်အသိကြောင့် ဒုဓိဂါကအထိတ်တလန့်နှင့် လက်လှမ်းမီရာတစ်ခုခုကို ဖျပ်ခနဲ့လှမ်းဆွဲလိုက်တော့ ကိုင်းညွှတ်နေသည့်သစ်ကိုင်းတစ်ခုကို လက်မတင်းလေး ဆွဲထားနိုင်သဖြင့် ချောက်ထဲကိုပြုတ်ကျမသွားဘဲ လေထဲတန်းလန်းဖြစ်နေတော့သည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now