ရသ (Arc-1)

18.2K 1.2K 12
                                    

<Unicode>
(ဇာတ်လိုက်မအကြောင်းဖော်ထုတ်တာကထားပါ ဇာတ်လိုက်အချစ်ကိုအရယူဖို့က...)

(missionကရှုံးလို့မရဘူးhost ရှုံးရင်hostရဲ့ကမ္ဘာကိုပြန်နိုင်တော့မှာမဟုဘူး)

(အဲ့လိုကြီးလား)

(hostဟိုနှစ်ယောက်ကိုပြန်လက်စားချေချင်ရင်missionကနိုင်မှဖြစ်မှာ)

(ကောင်းပီ ငါလုပ်မယ် ဒါနဲ့အခုကဘယ်အချိန်ရောက်နေပီလဲ)

(ဇာတ်လိုက်ကစတင်စိတ်ဝင်စားနေပါပီ)

*ရသလို့ပဲသုံးပါတော့မယ်*

ရသသူရောက်နေတဲ့နေရာကိုစူးစမ်းကြည့်တော့ကျောင်းခေါင်မိုးထပ်တွင်ဖြစ်သည်။ရှေ့တွင်လဲပန်းချီကားတစ်ချပ်တွေ့တာကြောင့်ခေါင်းထဲကမှတ်ဉာဏ်အတိုင်းပန်းချီကိုအပီးသတ်လိုက်ကာသိမ်းရန်အလုပ်တခုခုကိုသတိရသွားတာကြောင့်ပန်းချီကားအားပြန်ထုတ်လိုက်သည်။ခနနေတော့မှစိတ်ကျေနပ်သွားပီးအရင်ဇာတ်ကောင်အတိုင်းဇာတ်လိုက်ရဲ့လော့ခ်ကာထဲထည့်ပေးလိုက်သည်။ဇာတ်လိုက်ရဲ့တုံ့ပြန်မှုကိုတော့မကြည့်တော့ပေ သူမှစိတ်မဝင်စားတာ။

ကိစ္စပီးသွားတော့ကန်တင်းဘက်ထွက်လာကာအအေးမှာသောက်လိုက်သည်။ခနနေတော့ဇာတ်လိုက်တို့အုပ်စုလဲကန်တင်းသို့ရောက်လာသည်။

"ဟျောင့် အတ္တ မင်းအဲ့ပန်းချီပို့တဲ့သူကိုဘယ်လိုသဘောရလဲ သူကမင်းကိုတော်တော်ကြွေနေပုံရတယ်နော် နေ့တိုင်းကိုလာလာပို့နေတာ"

မင်းအတ္တကလက်ထဲကပန်းချီလေးကိုကြည့်ကာနှစ်နှစ်ကာကာပြုံးလိုက်ပီး...

"ငါသူ့ကိုစိတ်ဝင်စားနေပီ"

"ဝိုးး ဟျောင့် တကယ်ကြီးလား"

"ငါ့ရုပ်ကလိမ်နေတဲ့ပုံပေါက်လို့လား"

"ငါတို့သားကြီးတော့အချစ်ကိုရှာတွေ့သွားပီထင်တယ်ကွ အဟား"

(အဂူး ဇာတ်လိုက်မကဘယ်မှာလဲ)

(hostနောက်ကဝိုင်းမှာနားထောင်နေတယ်)

ရသအနောက်ကိုအကဲခတ်ကြည့်တော့ဇာတ်လိုက်မကသူ့သူငယ်ချင်းတေနဲ့တိုးတိုး²နဲ့ပြောနေကြသည်။ပီးတော့ဇာတ်လိုက်ကိုကြည့်ရာရှက်ပြုံးုပြုံးနေသေးသည်။

Revenge System(Completed)Where stories live. Discover now