system space

11.5K 865 2
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -75

တတ်မြောက်မှုပညာ -အချက်ပြုတ်၊အတီးအမှုတ်၊သူနာပြု၊၊အတိုက်ခိုက်၊

(နောက်ကမ္ဘာအတွက်သင်ရမှာကဘာသာစကားပါ ရှေ့တံခါးကနေဝင်သွားပါ)

12ခန့်ကြာသော်...

(ပြန်လည်ကြိုဆိုပါတယ် host နောက်ကမ္ဘသွားတော့မလား)

(အင်း)

စတင်ပို့ဆောင်နေပါပီ 3.2.1

"အ့"

"တောင်းပန်ပါတယ်မင်းသားအရမ်းနာသွားတာလား"

"ရပါတယ်"

"မင်းသား မပြောသင့်မှန်းသိပေမယ့်လေ မင်းသမီးကိုလဲစိတ်မဆိုးပါနဲ့ သူလဲအပြစ်တေပေးဆပ်နေရပါပီ"

"သူကဘာဖြစ်လို့လဲ"

"ဒီအစေခံထပ်ကြားတာကမင်းသားမျက်နှာကိုလက်သည်းနဲ့ကုပ်လိုက်လို့မင်းသမီးကိုဘုရင်ကထပ်အပြစ်ပေးသေးတယ်တဲ့"

"ဟင်"

"ဟုတ်တယ်မင်းသား မင်းသားသိတဲ့အတိုင်းပဲဘုရင်ကြီးကမင်းသားရဲ့မျက်နှာအလှကိုအရမ်းသဘောကျတာလေ မင်းသားမျက်နှာပျက်စီးသွားတော့စိတ်တိုသွားတာ"

"သူမကအခုဘယ်မှာလဲ"

"ကုသဆောင်မှာသူမလက်ကိုရေနွေးလောင်းချပီးအပြစ်ပေးခဲ့တယ်တဲ့"

"ငါသွားတွေ့လို့ရလား"

"အခုကအချိန်ကောင်းမဟုတ်သေးဘူးလေ ခုသွားတွေ့ရင်မင်းသမီးကအရမ်းရှက်ပီးစိတ်မကောင်းဖြစ်သွားမှာ"

"အင်းပါ"

"ပီးပါပီ မင်းသားနားနေပါအုံး"

အစေခံမလေးထွက်သွားတော့ကုတင်ပေါ်လှဲချလိုက်သည်။ပါးထက်ကစပ်ဖျင်းဖျင်းဒဏ်ရာများကြောင့်မသက်သာလှ။

(အဂူးဇာတ်ကြောင်းပြောတော့)

(ဟုတ်)

ဇာတ်ကြောင်းက...။

ဇာတ်လိုက်နာမည်ကအီသန်ဒက်ခ်မာ၊ဇာတ်လိုက်မကရိုစီတာမွန်း၊သူကဒီနွန်း။ဇာတ်လိုက်ကတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေပီးတော့ဇာတ်လိုက်မကပထမဇနီးမယား။သူကတော့လှလို့တော်ကောက်ခံလိုက်ရတဲ့ဒုတိယဇနီးပေါ့။သူရောက်မလာခင်မှာဇာတ်လိုက်ကဇာတ်လိုက်မကိုအရမ်းချစ်ပေးပေမယ့်သူရောက်လာတဲ့နောက်မှာပိုလှတဲ့သူ့ကိုဇာတ်လိုက်ကသဘောကျသွားပီးဇာတ်လိုက်မကိုတောင်လျစ်လျူရှုကာသူ့ကိုသာအရေးပေးတာကြောင့်ဇာတ်လိုက်မဟာသူ့ချစ်ရသူကိုလှယူသွားတဲ့ဒီနွန်းကိုအမျိုးမျိုးပြသနာရှာတော့သည်။ဒါပေမယ့်တစ်ရက်မှာဇာတ်လိုက်မကဒီနွန်းမျက်နှာအားကုပ်ဖဲ့လိုက်မိတာကြောင့်မျက်နှာဟာဒဏ်ရာရသွားပီးဇာတ်လိုက်ရဲ့လျစ်လျှူရှုခြင်းကိုခံရတော့သည်။

Revenge System(Completed)Where stories live. Discover now