Extar

10.4K 764 20
                                    

<Unicode>
"ဟားးး မွေးရပ်မြေလောက်ဘယ်နေရာမှမကောင်းဘူး"

"မနေ့ကမပြန်ချင်လို့ဂျီကျနေတာဘယ်သူများပါလိမ့်"

"မောင်နော် ရွဲ့တာလား"

"မလုပ်ရဲပါဘူးဗျာ"

လွမ်းတို့ပဲရစ်မှာငါးလလောက်နေခဲ့ပီးမြန်မာပြည်သို့ပြန်လာကြသည်။ဟိုမှာပဲတစ်ခါထဲလက်ထပ်ကာဟန်းနီးမွန်းကိုပဲရစ်ရဲ့အထင်ကရနေရာများသို့လျှောက်လည်ကြသည်။အမှန်ဆိုသူတို့လဲပြန်မလာချင်သေးပါသို့ပေမယ့်အတွင်းရေးမှူးကိုအားနာလို့သာပြန်လာခဲ့ရသည်။သူ့မှာငါးလလုံးကုမ္မဏီကိုမနိုင်မနင်းဦးစီးထားရတာမို့ပင်။

"boss!နောက်ဆုံးတော့ပြန်လာပီပေါ့ ကျနော်ကနေ့တိုင်းမျှော်နေတာ bossမရှိတဲ့ငါးလကကျနော့်အတွက်ငရဲလိုပဲ"

"မင်းငါတို့ကိုလာကြိုတာလား"

"ဟုတ်တယ်လေဗျာ ကျနော့်မှာbossပြန်လာမယ်ဆိုတဲ့သတင်းကြားတော့ပျော်လွန်းလို့ထတောင်ခုန်မိတယ်"

"ဟား ဟား အကိုရယ် ပင်ပန်းသွားရပီ အကို့ကိုခွင့်ရက်ရှည်ပေးပါ့မယ် နော် မောင်"

"အရုပ်လေးသဘောပါဗျာ ကဲမင်းကိုခွင့်ရက်ရှည်ပေးမယ်ပီးတော့ဘောက်ဆူးပါပေးလိုက်မယ် ရော့ ဒီကဒ်ကိုယူလိုက် အပန်းဖြေခရီးလေးဘာလေးထွက်ပေါ့ကွာ"

"ကျေးဇူးပါbossရယ် အခုလိုပေးကမ်းရခြင်းအကျိုးအားကြောင့် ဒီလင်နဲ့ဒီလင်အိုအောင်မင်းအောင်ပေါင်းရပါစေဗျာ ဒီချစ်စရာခင်ပွန်းလေးကိုလဲဒီ့ထက်မကပိုချစ်နိုင်ပီးတော့သေးသေးလေးတေလဲမြန်မြန်ရပါစေဗျာ"

သေးသေးလေးဆိုတဲ့နောရာမှာမောင့်ရဲ့မျက်နှာဟာမှိုင်သွားပေမယ့်ချက်ချင်းပြန်ပြင်ကာလွမ်းရဲ့ပုခုံးလေးကိုဖက်တွယ်လာသည်။

လွမ်းသိတာပေါ့မောင်ကလွမ်းနဲ့အတူမိသားစုလေးတစ်ခုကိုဖန်တီးချင်နေမှန်း။မဖြစ်နိုင်တာရယ်လွမ်းကိုချစ်လွန်းတာရယ်ကြောင့်မောင်နှုတ်ဆိတ်နေပေမယ့်သူကလေးဘယ်လောက်ချစ်မှန်းလွမ်းသိပ်သိသည်။

*စိတ်မပူပါနဲ့မောင်ရဲ့ မောင့်အတွက်လွမ်းရဲ့လက်ဆောင်လေးကိုစောင့်ပေးပါအုံး*

Revenge System(Completed)Where stories live. Discover now