ယုခိ(Arc 5.5)

11.4K 900 5
                                    

<Unicode>
"ကျမရောက်ပီ"

"စိတ်မရှိပါနဲ့အမ သခင်လေးကအမကိုအလုပ်ထုတ်လိုက်ပါပီ"

"ဟမ် ဘာလို့လဲ"

"အဲ့တာတော့မသိပါဘူး ဒီမနက်ပဲဆရာမအသစ်ကိုခန့်လိုက်ပါပီ အမပြန်လိုက်ပါ"

*တောက် ငါ့အစီစဉ်တေပျက်ကုန်ပီ*

သူတို့သူတို့ဂိုဏ်းတစ်နှစ်တကြိမ်ခေါင်းဆောင်ရွေးပွဲကျင်းပပီးသူ့အကိုကသာအမြဲနိုင်နေခဲ့သည်။သူဟာဂိုဏ်းကိုလိုချင်ပေမယ့်ထိုက်သင့်တဲ့အတတ်ပညာမပြည့်စုံသေးတာကြောင့်မရဖြစ်နေသည်။ဒါပေမယ့်သူ့အကိုကသူ့အာအခွင့်ရေးပေးတဲ့အနေနဲ့missionတစ်ခုဆောင်ရွက်ခိုင်းသည်။ထိုmissionကမွန်ပိုအားပြန်ပေးဆွဲရန်သာ။ထိုmissionသာအောင်မြင်ခဲ့ရင်ဂိုဏ်းတစ်ဝက်ကိုပေးမည်ဟုကတိပေးထားသည်။ရွှန်းရဲ့ဂိုဏ်းကလျှော့တွက်မရတာကြောင့်သူ့မှာဒုက္ခမျျိုးစုံခံကာဒီအိမ်ထဲဝင်ရအောင်လုပ်ခဲ့သည်။အခုတော့အစီစဉ်တေအားလုံးဟာလွဲချော်သွားသည်။

"hello အကို$#&%^#&$%"

တဖက်၌...

"တောက်စ် ဘာမှအသုံးမကျဘူး တော်ပီဒီကိစ္စကိုငါကိုယ်တိုင်ပဲကိုင်တွယ်တော့မယ် အရင်ကတည်းကလုပ်ခဲ့သင့်တဲ့အရာကိုအခုလုပ်ရတော့မယ် မီကာ ကိုအရမ်းဆိုးတယ်မလားဟင် ဒါပေမယ့်ကိုယ်လက်စားချေမှာ အဲ့ဂိုဏ်းကအစအနတောင်မကျန်တော့တဲ့အထိလုပ်ပစ်မှာ အဲ့အတွက်ကို့မှာငါးစာလိုတယ် မီကာရဲ့သမီးလေးကိုအသုံးချရမှာစိတ်မကောင်းပေမယ့် သူ့ကြောင့်သာမဟုတ်ရင်ကိုမင်းကိုယ့်ကိုထားခဲ့မှာမဟုတ်ဘူး အဲ့တော့ကိုလုပ်စရာရှိတာကိုလုပ်မယ် ခနပဲစောင့်မေပါအချစ်ရယ်ပီးရင်မင်းနောက်လိုက်ခဲ့မယ်"

နံရံတွင်ချိတ်ဆွဲထားတဲ့အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံလေးတေကိုကြည့်ကာအရူးတစ်ယောက်လိုစကားပြောနေသည့်ထိုလူကဘယ်လောက်ကြေကွဲနေရလဲသူသာအသိဆုံးပါ။

မီကာ သူ့ဘဝရဲ့နတ်သမီးလေး၊သူတိတ်တခိုးချစ်ရတဲ့သူလေး၊သူကိုယ်တိုင်တောင်ဖွင့်မပြောရက်ပဲတယုတယထိန်းသိမ်းထားတဲ့ပန်းပွင့်လေးအားတခြားလူတစ်ယောက်ကခူးဆွတ်သွားသည်တဲ့လေ။ဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်လဲ။ကိုယ်ချစ်ရသူလေးကိုအဝေးကငေးကြည့်နေကာသူပျော်ရင်ကိုယ်လဲပျော်ရပါသည်။ဒါပေမယ့်သူ့ချစ်ရသူလေးရဲ့ပျော်ရွှင်မှုကခနတာသာဖြစ်ခဲ့သည်။သူမရဲ့ယောက်ျားကဖောက်ပြန်ကာသူမအားနှိပ်စက်တတ်သည်ကိုသူမဟာသူ့မသမီးလေးရဲ့မျက်နှာကြောင့်ဘယ်သူ့ကိုမှမပြောပဲကြိတ်ခံစားခဲ့သည်။သို့သော်တစ်ရက်ကြတော့သူမယောက်ျားကသူမတို့နှစ်ယောက်ရဲ့အခန်းထဲမှာနောက်မိန်းမတစ်ယောက်နဲ့ချစ်ရည်လူးနေသည်တဲ့လေသူမကသည်းမခံနိုင်တော့ပဲအရှက်မရှိတဲ့ခွေးနှစ်ကောင်ကိုရိက်နှက်တော့သည်။သို့ပေမယ့်သူမယောက်ျားကအငယ်နှောင်းအားကာကွယ်ပေးပီးသူမကိုတဖန်ရိုက်နှက်တော့သည်။

Revenge System(Completed)Where stories live. Discover now