System space

11.3K 871 10
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -100

တတ်မြောက်မှုပညာ -အချက်အပြုတ်၊အတီးအမှုတ်၊သူနာပြု၊အတိုက်အခိုက်၊ဘာသာစကား၊ဥပဒေပညာ

(%ပြည့်သွားပီမို့လို့ထမ်းဆောင်ရမဲ့missionတေပီးပါပီ hostရဲ့ကမ္ဘာကိုပြန်လို့ရပါပီ)

(ကျေးဇူးပါအဂူး)

(ရပါတယ်host တာ့တာနော် ကျနော့်ကိုသတိရနေပါ)

(မင်း ငါနဲ့လိုက်ခဲ့ပါလားဟင်)

(ဗျာ)

(ငါနဲ့လိုက်ခဲ့ချင်လားလို့ ငါမင်းကိုသံယောဇဉ်တွယ်သွားပီ ငါနဲ့လိုက်ခဲ့ပါလားဟင်)

(အဲ့လိုရပါ့မလားတောင်မသိဘူး ကျနော့်ကိုဘယ်သူကမှမခေါ်ဖူးတော့လေ)

(ငါခေါ်တယ် လိုက်ခဲ့ပါနော်)

(ဟုတ် ကျနော်လိုက်ခဲ့ပါ့မယ် ဟီးး အတတ်ပညာအားလုံးကိုအတူတကွထည့်ပေးလိုက်ပါတယ် host ပြန်ဆုံကြမယ်နော်)

(အင်း)

စတင်ပို့ဆောင်နေပါပီ 3.2.1

............

တီတီ တီတီ

နာရီသံကြောင့်လေးလံနေတဲ့မျက်လုံးများကိုကြိုးစားဖွင့်လိုက်သည်။ရင်းနီးနေတဲ့မျက်နှာကျက်ကြောင့်လွမ်းကုန်းရုန်းထကာမှန်ရှေ့သွားရပ်လိုက်သည်။

"ငါ့ရုပ်ပဲ ဟား ဟား ငါပြန်လာပီ"

ဖုန်းအားယူကြည့်လိုက်တော့June 5။တနည်းပြောရရင်မောင်နဲ့အကြီးအကျယ်ရန်ဖြစ်ကာမောင်ထွက်သွားမဲ့နေ့ပင်။ထိုနေ့ကိုလွမ်းသိပ်မှတ်မိတာပေါ့ထက်မြတ်နဲ့လက်ထပ်ဖို့ကိစ္စကိုပြောရင်းကနေမောင့်ကိုရင့်သီးစွာပြောဆိုခဲ့သည့်နေ့၊မောင်ထွက်သွားမည့်နေ့ပင်။အရာအားလုံးနောက်မကျခင်ပြန်ရောက်လာတာမို့စိတ်အေးသွားရသည်။wallpaperမှာနေရာယူထားတဲ့သူနဲ့ထက်မြတ်ရဲ့ပုံကိုမြင်တော့နာကျဉ်းချက်ဖြင့်နှုတ်ခမ်းအားဖိကိုက်လိုက်တော့သည်။

"ငါပြန်လာပီ အရင်ကလွမ်းအဖြစ်နဲ့တော့မဟုတ်ဘူး လူသစ်စိတ်သစ်နဲ့အချစ်သစ်နဲ့လွမ်းသက္ကရာဇ်အဖြစ်နဲ့ပြန်လာတာ"

Revenge System(Completed)Where stories live. Discover now