ရသ(Arc -1.2)

15.5K 1.1K 46
                                    

<Unicode>
တံခါးကိုဆောင့်ပိတ်လိုက်တဲ့သားဖြစ်သူကြောင့်ဦးမင်းမဟာမှာသက်ပြင်းချရုံသာတတ်နိုင်တော့သည်။

"အကို"

"ညီ ညီကြားသွားတာလား"

"ဟုတ်"

"ကိုယ်သားအစားတောင်းပန်ပါတယ်"

"ရပါတယ်အကိုရယ် ညီသူ့ကိုနားလည်ပါတယ် ဒါပေမယ့်စိတ်မကောင်းတော့ဖြစ်မိတယ် ဘယ်တော့များမှကျနော့်ကိုလက်ခံလာပါ့မလဲ"

"ညီရယ်"

>>>>>

ဘုတ်...

ရသခုံမှာထိုင်နေရင်းစားပွဲပေါ်သို့ကျတာလဲစာအုပ်ကြောင့်လန့်သွားသည်။

"အဟမ်း မင်းစာအုပ်"

"ကျေးဇူး"

ပြန်ဖြေသံသာကြားရပီးခုထိမော့မကြည့်လာသေးတဲ့အကောင်ပေါက်လေးကြောင့်မင်းအတ္တစိတ်ပေါက်ပေါက်ဖြင့်ထိုကောင်လေးရဲ့မေးစေ့အားလက်ဖြင့်ညစ်ကာဆွဲမော့လိုက်သည်။

"!!"

ထင်ရှားစွာမြင်လိုက်ရတဲ့မျက်နာနုနုလေးကမင်းအတ္တရဲ့ရင်ကိုလှုပ်ခတ်သွားစေသည်။မျက်တောင်ရှည်လေးများဝန်းရံထားတဲ့မဟူရာရောင်တောက်နေတဲ့မျက်လုံးလေးကမျက်ရည်လေးဝဲလာတာအရည်ကြည်လေးများဖြင့်တောက်ပနေသည်။နှာခေါင်းထိပ်လေးမှလဲရဲတက်လာပီးညစ်ထားမှုကြောင့်မို့တက်လာတဲ့နီနီရဲရဲပါးနှစ်ဖက်လေး။ထို့နောက်ဆက်ကြည့်မိသည်ကချယ်ရီသီးလေးလိုနီရဲစိုစွတ်နေတဲ့နှုတ်ခမ်းလေး။

*ဂလု*

သူ့ရှေရောက်နေတဲ့အကောင်ပေါက်လေးကသက်ရှိကော်ပတ်ရုပ်လေးအလားစွဲမက်ဖွယ်ကောင်းလွန်းလှသည်။ဒီလောက်လှတဲ့ကောင်လေးကိုတစ်ခါလေးတောင်သူမမြင်ဖူးခဲ့ပေ၊ဂရုမပြုမိခဲ့ခြင်းကိုတောင်နောင်တရချင်သွားသည်။

"နာနေပီ"

"sorry အရုပ်လေး"

"ဟင်!!"

ထိုကောင်လေးကမျက်လုံးလေးဝိုင်းကာအံသတကြီးကြည့်လာတာကိုသူ့အားလန့်သွားသည်ဟုထင်ကာ...

"မင်းအရမ်းနာသွားတာလား ကိုယ်မရည်ရွယ်ပါဘူး"

"အာ ရပါတယ် ခွင့်ပြုပါအုံး"

Revenge System(Completed)Where stories live. Discover now