system space

12.1K 927 7
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ်host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -60

တတ်မြောက်မှုပညာ -အချက်အပြုတ်၊အတီးအမှုတ်၊သူနာပြု၊

(နောက်ကမ္ဘာအတွက်သင်ရမှာကအတိုက်ခိုက်ပါ ရှေ့တံခါးကနေဝင်သွားပါ)

13နှစ်ခန့်ကြာသော်...

(ပြန်လည်ကြိုဆိုပါတယ် နောက်ကမ္ဘာပို့ရတော့မလား)

(အင်း)

စတင်ပို့ဆောင်နေပါပီ 3.2.1

"မားမား!"

"အင့်"

"မားမား မီးနဲ့နေပါနော်မားမား"

"ဟိတ် ကလေးမလေး ငါမင်းအမေမဟုတ်ဘူးလေ"

"အီးဟီး မားမား မီးနဲ့ပြန်လိုက်ခဲ့ပါနော်"

"ကျစ် ဒုက္ခပဲ"

ထိုကလေးမလေးကသူ့ခြေသလုံးအားတောက်တဲ့လိုတွယ်ကပ်ထားပီးအော်ငိုနေကာသူနဲ့လိုက်ခဲ့ဖို့ပြောနေသည်။

"သခင်မလေး ဟျောင့်တေသခင်မလေးကဒီမှာ!"

"သခင်မလေး ကျနော်တို့နဲ့ပြန်လိုက်ခဲ့ပါနော်"

"မလိုက်ဘူး မားမားနဲ့နေမှာ"

"ပြန်လိုက်ခဲ့ပါသခင်မလေးရယ် သခင်ကြီးသိရင်ကျနော်တို့အသတ်ခံရမှာ"

"မားမားပါမှလိုက်မယ် မားမားကိုပါခေါ်"

"ဟို ဒီကအကိုပါကျနော်တို့နဲ့ခနလိုက်ခဲ့ပေးပါလားဗျာ တောင်းဆိုပါတယ် ပီးရင်ကျနော်တို့ပြန်လိုက်ပို့ပါ့မယ်"

"အင်းပါ ဒါဆိုလဲလိုက်ခဲ့ပေးမယ်"

"ရေးး မားမားလာမီးနဲ့အတူတူသွားမယ်"

အနက်ရောင်ကားအကောင်းစားကြီးပေါ်ကလေးမလေးနဲ့အတူဝင်ထိုင်လိုက်တော့ထိုကလေးမလေးကသူ့ပေါင်ပေါ်တက်ထိုင်ပီးခနလေးအတွင်းအိပ်ပျော်သွားသည်။

(hostဇာတ်ကြောင်းပြောမယ်နော်)

(အင်း)

ဇာတ်ကြောင်းက...။

ဇာတ်လိုက်နာမည်ကရှွန်း၊ဇာတ်လိုက်မကမိုနာ၊သူကယုခိ။ဇာတ်လိုက်ကမာဖီးယားခေါင်းဆောင်တစ်ဦးဖြစ်ပီးတော့သူ့မှာမွန်ပိုဆိုတဲ့သမီးလေးတစ်ယောက်ရှိတယ်။တကယ်တော့မွန်ပိုကသမီးအရင်းမဟုတ်ပဲသူ့ရဲ့တူမလေးသာဖြစ်တယ်။မွန်ပိုရဲ့မိခင်ကဇာတ်လိုက်ရဲ့အမပင်။မွန်ပိုရဲ့မိဘတေကလုပ်ကြံခံလိုက်ရပီးမွန်ပိုလေးသာအသက်ရှင်ခဲ့သည်။ထို့ကြောင့်ဆွေမျိုးဆိုလို့ဇာတ်လိုက်သာရှိတော့တာကြောင့်မွေးစားခဲ့ခြင်းပင်။မွန်ပိုအားသမီးအရင်းလးလို လိုလေသေးမရှိထားပေပေမယ့်အမြဲအလုပ်ရှုပ်နေတာကြောင့်အချိန်သိပ်မပေးဖြစ်ပေ။မွန်ပိုကမိဘတေရဲ့လုပ်ကြံခံရမှုကြောင့်စိတ်ဝေဒနာခံစားနေရတဲ့ကလေးတစ်ဦးဖြစ်သည်။တနေ့တော့ယုခိကိုမြင်သွားကာသူ့မိခင်ဟုထင်မှတ်ကာယုခိအားအနားမှာခေါ်ထားတော့သည်။ယုခိကလဲမွန်ပိုလေးအားသမီးအရင်းလေးလိုစောက်ရှောက်ပေးတာကြောင့်မွန်ပိုမှာရောဂါအခြေနေကပြန်လည်ကောင်းမွန်လာသည်။သို့ပေမယ့်ပျော်ရွှင်မှုကတော့ကြာကြာမခံခဲ့ပေ၊မွန်ပိုနဲ့ယုခိဟာပြန်ပေးဆွဲခံလိုက်ရပီးဇာတ်လိုက်တို့သွားကယ်တဲ့အချိန်မွန်ပိုတစ်ယောက်ထဲကိုသာကယ်နိုင်ခဲ့သည်။မွန်ပိုအားဇာတ်လိုက်မကကယ်ထားပေးခဲ့တာကြောင့်ဇာတ်လိုက်ကချစ်ခင်စုံမက်သွားကာသိပ်မကြာခင်မှာပဲလက်ထပ်လိုက်ကြသည်။

Revenge System(Completed)Where stories live. Discover now