ယုခိ(Arc -5.2)

12.1K 964 39
                                    

<Unicode>
"သခင်ကြီး!"

"ပါးပါး မီးကိုချီ"

ရွှန်းကမွန်ပိုလေးအားကောက်ချီလိုက်သည်။အစေခံတေအားလုံးကရွှန်းအားခေါင်းငုံ့အရိုသေပေးနေကြတော့ယုခိမှာဆက်စားရမလိုထရတော့မလိုဖြစ်နေသည်။

ရွှန်းမှာသူ့ရှေ့ကကောင်လေးကမွန်ပိုခွံ့ထားတဲ့ထမင်းများဖြင့်ပလုတ်မလောင်းဖြစ်နေကာမျက်လုံးလေးဝိုင်းပီးကြောင်ကြည့်နေတာမို့အသည်းယားကအံကြိတ်လိုက်မိသည်။ထိုကောင်လေးနေရခက်နေမှာဆိုးတာကြောင့်အစေခံများကိုအပြင်ထွက်ခိုင်းလိုက်ပီးစားပွဲတွင်သူပါဝင်ထိုင်လိုက်သည်။

"ကိုယ်နောက်ယှက်မိသွားတယ်ထင်တယ်"

"မဟုတ်ပါဘူး ရပါတယ်"

"ပါးပါး မီးကမားမားကိုထမင်းခွံ့နေတာ ပါးပါးရောစားမလား"

"အင်းစားမယ်"

"ဒါဆိုကျနော်နောက်တစ်ပန်းကန်သွားယူပေးပါ့မယ်"

"ရတယ် ဒါနဲ့ပဲစားလိုက်မယ်"

"ဒါကျနော်စားပီးသားကြီးလေ"

"အဲ့တာဘာဖြစ်လို့လဲ အရုပ်လေးအဆင်မပြေလို့လား"

"အဟင်း ဘာမှမဟုတ်ပါဘူး အဆင်ပြေတယ်"

"ဘာရီတာလဲ"

"မရီပါဘူး မွန်ပို အာ"

ယုခိကပါးစပ်ဟတော့မွန်ပိုကထမင်းလုပ်လေးကိုခွံပေးလေသည်။ဇွန်းတစ်ချောင်းထဲသုံးနေတာမို့ရွှန်းတွေးလိုက်မိသည်က..

*သွယ်ဝိုက်အနမ်းလေး*

ရွှန်းသူတခါမှမခံစားဖူးတဲ့မိသားစုထမင်းဝိုင်းလေးရဲ့ကြည်နူးမှုကိုခံစားလိုက်ရသလိုမျိုးစိတ်ထဲပီတိဖြစ်မိသည်။ပုံမှန်ဆိုနေလယ်စာမစားတဲ့ရွှန်းကတစ်ပန်ကန်လုံးကိုကုန်စင်အောင်စားဖြစ်ခဲ့လေသည်။

"မွန်ပိုလေး ခနနေရင်ဆရာမလာလိမ့်မယ် သွားပီးပြင်ဆင်တော့"

"ဟုတ်ပါးပါး"

မွန်ပိုထွက်သွားတော့ယုခိသူပါလိုက်ထမယ်အလုပ်..

"မင်းလေးကနေခဲ့အုံးကိုယ်တို့စကားပြောကြရအောင်"

Revenge System(Completed)Where stories live. Discover now