ယုခိ(Arc -5.7)

10.5K 877 6
                                    

<Unicode>
"ရော့ ဟိုကလေးမ"

ချောကလပ်ကိတ်နဲ့နွားနို့ကိုဆော့နေသည့်မွန်ပိုလေးရှေ့သို့ချပေးလိုက်ပီးပြောလိုက်သည်။

"ကျေးဇူးပါ ဦးဦး"

"နေစမ်းပါ မကျွေးပဲထားရင်သေသွားမှာဆိုးလို့ မင်းကငါ့အတွက်လိုအပ်နေသေးတယ်"

"ဘာပဲဖြစ်ဖြစ်ပါ ဦးဦးကကျွေးတာဆိုတော့မီးကောင်းကောင်းစားပါ့မယ် ဦးဦးရောစားပါအုံး"

"ငါကစားဖူးတယ်"

"ဟွန့် မီးလဲစားဖူးပါတယ်နော် ဒါပေမယ့်မစားရတာကြာပီ"

"ဘာလို့လဲ မင်းကိုရွှန်းကမကျွေးဘူးလား"

"ပါးပါးကကျွေးပါတယ် ဒါပေမယ့်မီးကမစားတာ"

"ဘာလို့လဲ"

"မားမားကချောကလပ်အရမ်းကြိုက်တာလေ ချောကလပ်ကိတ်ကမားမားခွံ့မှအရသာပိုရှိတာ ဒါပေမယ့်မားမားကအခုမရှိတော့ဘူးလေ ဟင့် မီးကြောင့်မားမားကသေသွားရတာ အင့်ဟီးး"

ဂျင်းငိုနေတဲ့ကလေးမလေးကောင့်လက်ကအလိုလျှောက်ခေါင်းလေးကိုပုတ်ပေးလိုက်မိသည်။ဒီကလေးမလေးကြောင့်ဆိုပေမယ့်သူ့လက်နဲ့သတ်ခဲ့မိတာလေ။

"ဒါပေမယ့် ဟီးး အခုမားမားအသစ်ရှိနေပီ မားမားယုခိကမီးအပေါ်အရမ်းကောင်းတာ မားမားနဲ့မယှဉ်သင့်မှန်းသိပေမယ့်သူကမားမားနီးပါးမီးအပေါ်ကောင်းတယ်သိလား ပီးတော့မားမားကမီးရဲ့ဒီနေရာထဲမှာရှိတယ်သိလား"

ရင်ဘတ်လေးကိုလက်ညိုးထိုးကာပြောနေတဲ့ကလေးမလေးကခုနကငိုနေတာသူမဟုတ်သလိုပြုံးရယ်ကာကိတ်ကိုခပ်စားနေပြန်သည်။ဒီကလေးမလေးကစိတ်ဝေဒနာခံစားနေရတယ်ဆိုတာသူသိပါသည်။ဂျင်းရင်ထဲမွန်းကြပ်လာသည်။ဒီအပြစ်ကင်းစင်လွန်းတဲ့ကလေးမလေးကသူ့ကြောင့်မိဘမဲ့ဖြစ်ခဲ့ရပီးအရွယ်နဲ့မလိုက်တဲ့စိတ်ဝေဒနာပါခံစားနေရလေသည်။သူဘယ်လောက်ပဲမုန်းတယ်ပြောပြောကလေးကဘာသိမှာလဲ။။ဂျင်းမျက်ရည်များတသွေသွေကျတာထိုကလေးမလေးကိုဆွဲဖက်လိုက်သည်။

*ငါမှားတော့မလို့ တကယ်အမှားကြီးမှားတော့မလို့*

"ဦးဦးငိုပြန်ပီ မီးကြောင့်လားဟင်"

Revenge System(Completed)Where stories live. Discover now