ရှိန်း(Arc -7.1)

10.3K 825 3
                                    

<Unicode>
ဒုတ်..

ရှိန်းလန့်ဖြန့်ကာလက်ထဲကဓာတ်ပုံကိုလွှတ်ချလိုက်မိတော့သည်။ပြုတ်ကျသွားတဲ့ဓာတ်ပုံအားသူ့ရှေ့ကလူကကောက်လိုက်ကာစားပွဲပေါ်ပြန်တင်ကာသူ့အားစူးရဲစွာကြည့်လာသည်။ထို့နောက်လက်ကိုနောက်ပစ်ကာတစ်ခုခုကိုထုတ်နေသည်။ခနအကြာတွင်လက်ထဲပါလာသည်က...

"ကပ် ကပ်ကြေး ကဘာလုပ်ဖို့.."

ရှိန်းကြောက်လန့်ကာစကားတေပါထစ်နေသည်။ထိုလူကသူ့ဆီလျှောက်လာတာကြောင့်ရှိန်းနောက်သို့ဆုတ်လိုက်မိသည်။ကုတင်တိုင်နဲ့ထိကပ်သွားတာကြောင့်နောက်ထပ်ဆုတ်စရာနေရာမရှိတော့ပေ။ထိုလူကတော့ကုတင်အလည်ကိုတောင်ရောက်နေပီ။ထို့နောက်လက်ထဲကကပ်ကြေးအားမြောက်လိုက်တာကြောင့်မျက်လုံးကိုစုံမှိတ်ကာကျရောက်လာမည့်နာကျင်မှုကိုစောင့်ဆိုင်းနေလိုက်သည်။

သို့ပေမယ့်သူထင်သလိုနာကျင်မှုကမရောက်လာပဲနှဖူးထက်မှအထိတွေ့တချို့ကိုခံစားလိုက်ရသည်။ထို့ကြောင့်အရဲစွန့်ကာမျက်လုံးကိုဖွင့်ကြည့်လိုက်တော့သူ့နှဖူးမှပတ်တီးကိုကပ်ကြေးဖြင့်ညှပ်ဖြတ်နေလေသည်။နီးကပ်လွန်းတဲ့အနေထားကြောင့်ထိုလူရဲ့မျက်နှာအားရှင်းလင်းစွာမြင်နေရသည်။ရှိန်းထိုလူကိုကြောင်ကြည့်နေတုန်း...

"ဆေးထပ်စည်းရမယ် နည်းနည်းနာလိမ့်မယ်"

ပြောပီးဆေးသေတ္တာဘူးကိုယူကာဂွမ်းစလေးထုတ်ပီးသူ့ူ့နှဖူးမှဒဏ်ရာအားဆေးထည့်ပေးတော့သည်။

"အ့!"

အနာကိုဆေးထိတော့စပ်သွားတာကြောင့်အသံပိစိလေးထွက်သွားကာဆေးထည့်နေတဲ့ထိုလူရဲ့လက်ကိုလှမ်းဆွဲလိုက်မိသည်။

"ပြွတ်စ် ခနလောက်သည်းခံပေးနော် ကိုယ်မနာအောင်သေချာလုပ်ပေးမယ်"

ဒဏ်ရာအားနမ်းကာပြောလာတာကြောင့်ရှိန်းတစ်ကိုယ်လုံးတောင့်တင်းသွားတော့သည်။ဆေးဘယ်လိုထည့်လိုက်လဲတောင်မသိတော့ပဲပတ်တီးစည်းပေးတော့မှသာပြန်သတိကပ်တော့သည်။

"ဗိုက်ဆာနေပီလား ကိုယ်စွတ်ပြုတ်သွားလုပ်ပေးမယ် အရုပ်လေးသတိမရလောက်သေးဘူးထင်လို့ကြိုမလုပ်ထားမိတာ"

Revenge System(Completed)Where stories live. Discover now