ယုခိ(Arc -5.6)

11K 883 9
                                    

<Unicode>
"မွန်ပိုလေးဘာဆော့ကြမလဲ"

"အွန်းး ဟိုအကောင်ကြီးလည်နေတာစီးမယ်"

"ဟုတ်ပီဗျာ"

"မားမား ပါးပါးကကြာလိုက်တာ"

"ရေခဲမုန့်ဆိုင်ကလူများနေလို့နေမယ်"

"မားမား မီးရှူးပေါက်ချင်တယ်"

"ဒီနားမှာအိမ်သာရှိမယ်ထင်တယ် လာ"

....

"ဝင်သွားနော် မားမားအပြင်မှာစောင့်နေပေးမယ်"

"ဟုတ်"

tolietရှေ့တွင်မွန်ပိုလေးအားရပ်စောင့်နေတုန်း..

ဒုတ်...

ယုခိခေါင်းထပ်ကနာကျင်မှုနဲ့အတူအမှောင်တိကျသွားတော့သည်။

ရွှန်းရေခဲမုန့်ဝယ်ပီးပြန်လာတော့ယုခိတို့အားမတွေ့တာနဲ့လိုက်ရှာတော့အမျိုးသမီးအိမ်သာရှေ့တွင်လူများအုံနေတာကြောင့်ဘာရယ်မဟုတ်လှမ်းကြည့်မိချိန်မြင်လိုက်ရသည့်ပုံရိပ်လေးကြောင့်နှလုံးသားတစ်ခုလုံးဆွဲညစ်ခံလိုက်ရသလိုပင်။

"အရုပ်လေး!အရုပ်လေးထပါအုံး ဟင်!"

ခေါင်းနောက်မှစိုထိုင်းနေတဲ့အထိတွေ့ကြောင့်ကြည့်မိတော့..

"သွေး သွေးတေ အရုပ်လေး!"

ရွှန်းကသုံးယောက်ထဲလွတ်လပ်စွာနေချင်တာကြောင့်သက်တော်စောင့်များမခေါ်လာမိတာကိုနောင်တရသွားသည်။ပျော့ခွေနေတဲ့ကိုယ်လေးကိုဆွဲပွေ့ကာကားဆီသိုအမြန်ပြေးသွားတော့သည်။

>>>>>

"အီးဟီ မားမားရေ!"

"ကျစ် နားငြီးတယ်ကွာ!"

ပိတ်အော်လိုက်တာကြောင့်ကလေးမလေးဟာတုန်တက်သွားပီးအသံမထွက်အောင်ကြိတ်ပီးရှိုက်ငိုနေသည်။ဂျင်းသူတကယ်စိတ်ညစ်လာပီထိုကလေးမလေးကရောက်ထဲကငိုနေအမေတူသမီးလို့ပဲဆိုရမလား မီကာလဲအငိုသန်သည်။မီကာဟုတွေးမိသည်ဝမ်းနည်းစိတ်ဟာစိုးမိုးလာတာကြောင့်မျက်ရည်ဝဲမိသည်။စီးကျလာတဲ့မျက်ရည်တေကိုထုံးစံအတိုင်မသုတ်ပစ်ပဲထားကာမျက်လုံးကိုမှိတ်ပီးစိတ်ကြျိုက်ကျဆင်းခွင့်ပြုလိုက်သည်။ထိုအချိန်ပါးပြင်ထက်သို့အိစက်တဲ့အထိတွေ့လေးကျလာတာကြောင့်မျက်လုံးဖွင့်ကြည့်မိတော့....

Revenge System(Completed)Where stories live. Discover now