system space

14.8K 1K 10
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host)

(အင်း)

(ရမှတ်တေကြည့်တော့မလားဟင်)

(ကြည့်မယ်လေ)

(ဟုတ်ကဲ့ ဇယားကိုကြည့်ပါ)

% -15

တတ်မြောက်မှုပညာ -မရှိ

(နောက်ကမ္ဘာအတွက်သင်ရမှာကအချက်ပြုတ်ပါ)

(အင်း ငါသွားပီနော်အဂူး)

(တာ့တာ)

5နှစ်ခန့်ကြာသော်...

(အဂူး)

(ပြန်လာပီလားhost နားအုံးမလား)

(မနားတော့ဘူး နောက်ကမ္ဘာသွားကြမယ်)

(ဟုတ်ကဲ)

စတင်ပို့ဆောင်နေပါပီ 3.2.1

"သွားတော့မယ်နော် ဂင်ယောင်း ကျေးဇူးပါပဲကွာ မင်္ဂဆောင်ရင်ဖိတ်စာပို့လိုက်မယ်လာဖြစ်အောင်လာနော်"

မိုးကသည်းထန်စွာရွာနေတာကြောင့်ထိုလူကအသံကိုအနည်းငယ်မြှင့်ကာပြောပီးမိန်းကလေးတစ်ယောက်ရဲ့လက်ကိုတွဲကာကားပေါ်တက်ကာမောင်းထွက်သွားသည်။သူ့မှာတော့မိုးရေထဲမှာထီးလဲမပါပဲကြောင်တောင်တောင်လေးဖြင့်ရပ်ကာကျန်နေခဲ့သည်။ထိုအချိန်သူ့ပေါ်သို့ကျရောက်နေတဲ့မိုးစက်ကလေးတေဟာရပ်တန့်သွားတာကြောင့်မော့ကြည့်မိတော့ထီးလေးတစ်လက်....

"အဆင်ပြေရဲ့လား"

ထိုလူကသူ့အားဂရုနာသက်တဲ့မျက်လုံးများဖြင့်ကြည့်ကာမေးလာသည်။သူလဲဘာဖြေရမှန်းမသိတာကြောင့်ငြိမ်နေလိုက်သည်။

"မိုးကတိတ်အုံးမှာမဟုတ်သေးဘူး ကားမပါဘူးမလား လာကိုယ့်ကားဆီသွားကြမယ်"

သူ့လက်ကိုဆွဲကာခေါ်ဆောင်သွားတဲ့နောက်ကိုကြောင်တောင်တောင်လေးဖြင့်ပါသွားရပြန်သည်။ကားပေါ်ရောက်တော့အဲလ်ယားကွန်းကဖွင့်ထားတာကြောင့်ရေစိုနေတဲ့သူ့ကိုယ်လုံးတေဟာအအေးဒဏ်ကိုမခံနိုင်ပဲခိုက်ခိုက်တုန်လာသည်။ဒါကိုသိတဲ့ထိုလူကအဲလ်ယားကွန်းကိုပိတ်လိုက်ပီးသူ့ကုတ်ကိုချွတ်ကာခြုံပေးလေသည်။မိုးကလဲသည်းထန်စွာရွာနေတာကြောင့်အေးရင်အိပ်ချင်လာတတ်တဲ့အကျင့်လေးကြောင့်မျက်လုံးများစဉ်းလာတော့သည်။

Revenge System(Completed)Where stories live. Discover now