ဂင်ယောင်း(Arc -2.2)

14.2K 1K 64
                                    

<Unicode>
"ကိုယ့်အမှားပါကွာ ကိုယ်အသုံမကျလို့အရုပ်လေးဖျားသွားရပီ"

ကိုယ့်ကိုကိုယ်အပြစ်တင်ကာကျိန်ဆဲနေမိသည်။ထို့နောက်ရေချိုးခန်းထဲတွင်ကာဇလုံတစ်ခုထဲသို့ရေထည့်ပီးတပတ်ပါးလေးတထည်ယူကာကိုယ်ပူကျအောင်လုပ်ပေးပီး​ဆေးသောက်ဖို့အတွက်အစာစားမှဖြစ်မှာမို့အောက်ထပ်သို့ဆင်းကာရေညှိဆန်ပြုတ်လေးလုပ်ကာသောက်မဲ့ဆေးများပါတစ်ခါထဲယူလာလိုက်သည်။အခန်းထဲရောက်တော့စောင်ထုပ်လေးထဲကွေးကာညည်းသံလေးများထွက်နေတာကြောင့်ရင်ထဲမကောင်းပေ။မနှိုးချင်ပေမယ့်ဆေးသောက်မှဖြစ်တာကြောင့်နှိုးမှဖြစ်မည်။

"အရုပ်လေး အရုပ်လေး ထအုံးနော် ကိုယ်ရေညှိဆန်ပြုတ်လေးလုပ်လာပေးတယ် ထစားလိုက်နော်"

"မောင်~~"

တိုးညှင်းတဲ့အသံလေးဖြင့်ထွက်လာတဲ့နာမ်စားလေးကြောင့်ဂျွန်းထယ်စိတ်ရှုပ်သွားသည်။

*မောင်ကဘယ်ကောင်လဲ ဟန်မြောင်များလား အရုပ်လေးကခုထိအဲ့ကောင်ကိုမမေ့နိုင်သေးဘူးလား အဲ့မောင်ဆိုတဲ့ကောင်Aကိုက်ပါစေ*

ဂျွန်းထယ်မျက်နှာတွင်စိတ်ရှုပ်ထွေးကာအတွေးလွန်နေပုံကိုမြင်တော့သူအထင်လွဲသွားမှန်းဂင်ယောင်းရိပ်မိတာကြောင့်သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပီးမျက်လုံးကိုတည့်တည့်ကြည့်ကာထပ်ခေါ်လိုက်သည်။

"မောင်"

"ကိုယ် ကိုယ့်ကိုခေါ်တာလား"

"ဒီမှာဘယ်နှယောက်ရှိလို့လဲ ဘာလဲမကြိုက်လို့လား အာ့ဆိုမခေါ်တော့ဘူး"

"မဟုတ်ပါဘူး ကြိုက်တယ်အရမ်းကြိုက်တယ် အဲ့လိုပဲခေါ်နော်"

ထိုတော့မှဂျွန်းထယ်ရင်ထဲကအစိုင်ခဲကြီးကျသွားတော့သည်။

*ခုနကကျိန်စာကိုပယ်ဖျက်တယ်*

"ဗိုက်ဆာတယ်"

"အော် ဟုတ်သားပဲ ဒီမှာဆန်ပြုတ်လေးသောက်လိုက်နော်မောင်ခွံ့မယ်"

ချက်ချင်းသင်ယူတာမြန်တဲ့မောင်ပင်...

ဆန်ပြုတ်တပွဲလုံးကိုကုန်အောင်တိုက်ပီးတော့ဆေးကိုလက်ထဲထည့်ပေးကာရေခွက်လေးပါကမ်းပေးလိုက်သည်။ဆေးကိုသောက်လိုက်တာနဲ့ချက်ချင်းလက်သီးကိုတင်းနေအောင်ဆုပ်ထားတဲ့အရုပ်လေးရဲ့အပြုမူကြောင့်အသင့်ယူလာတဲ့သကြားလုံးလေးကိုပါးစပ်ထဲထည့်ပေးလိုက်သည်။ထိုအခါအရုပ်လေးကမျက်လုံးဝိုင်းလေးဖြင့်ကြည့်လာသည်။

Revenge System(Completed)Where stories live. Discover now