အနူးအညွှန့်တောင်းပန်ခြင်း
1.8K 65 6
အားလုံးပဲ မင်္ဂလာပါ ။ ကျနော်စာရေးသူရှိန်းမာန်ပါ။  အရေးတကြီးပြောစရာလေးရှိလို့ စာလေးလာတင်တာပါ။
ပြောချင်တာကတော့ ခြွေစာအုပ်ကိစ္စပါပဲ။ ကျနော့်ရဲ့ခြွေ fiction လေးကို Comet-Book House ကနေပြီးတော့ စာအုပ်အဖြစ်ဖန်တီးပေးပြီး ၃လပိုင်းမှာစပြီး order ကောက်ခဲ့ပါတယ်။ အခက်အခဲတွေအများကြီးရှိနေတဲ့ကြားက ကျနော်နဲ့အဒီ(founder)  တို့ စာအုပ်ထွက်လာဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ကြားထဲမှာပြသာနာတွေမျိုးစုံပါပဲ။ ပထမက စာစီတာအခက်အခဲဖြစ်သွားလို့ အစကနေပြန်စီရပြီး တစ်လကျော်လောက်ကြာခဲ့ပါတယ်။ ပြီးတော့ ပလက်ပိုင်းတွေမထည့်ရဘူးဆိုလို့ စာတွေအကုန်ပြန်ပြင်ရပြီး ဖျက်ချပစ်ရတာတွေရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခုပြောချင်တာက ကျနော်ခြွေထဲမှာ ပလက်ပိုင်းတွေမပါတော့တဲ့အပြင် အပိုင်းတချို့ကိုလည်း စာတွေတော်တော်များများကိုပြန်ပြင်ထားပါတယ်။
အဲ့လိုစာစီတာနဲ့စာတွေပြင်ရတာနဲ့ပဲ ၂လလောက်ကြာခဲ့ရပါပြီ။ အားလုံးသိကြတဲ့အတိုင်းပြသာနာပေါင်းများစွာအပါအဝင် မီးမမှန်တာတွေ​ကြောင့် ကြန့်ကြာနေခဲ့ရပြီး ကျနော်တို့လည်းစာအုပ်ထွက်လာဖို့အတွက်အလောတကြီးပြင်ဆင်နေခဲ့ရပါတယ်။ အခုဒီလမှာအကုန်စာပြင်တွေစာစီတွေပြီးသွားလို့ ပုံနှိပ်တော့မယ်ဆိုကာမှ cover ပြသာနာတက်ပြန်ပါတယ်။ cover ကြောင့် ပုံနှိပ်လို့အဆင်မပြေဘူး cover ပြောင်းပေးမှရမယ်ဆိုလို့ ကျနော်တို့လည်း cover မပြောင်းချင်တာနဲ့ အတက်နိုင်ဆုံးအဆင်ပြေမယ့်ပုံနှိပ်တိုက်ကိုလိုက်ရှာနေပါတယ်။ ကျနော်ကတော့ cover လုံးဝမပြောင်းချင်တာမို့ အဆင်ပြေမယ့်ပုံနှိပ်တိုက်ကိုရှာပေးဖို့အဒီ့ကိုပြောထားပါတယ်။
ဒါပေမဲ့ နောက်ဆုံးအဆင်မပြေတော့ရင်တော့ ကျနော့်ခြွေစာအုပ်လေးက cover ပြောင်းထုတ်ရမှာပါ။အဲ့ဒါလေးတစ်ခုလည်းအသိပေးတာပါနော်။
ဒါကြောင့် စာအုပ်လေးကို အာလူးတို့လက်ထဲ ဒီလအတွင်းအမြန်ဆုံးထည့်ပေးနိုင်အောင်လုပ်ဆောင်နေပေမယ့် ဒီလိုအခက်အခဲလေးတွေကြောင့်ကျနော်တို့ပုံနှိပ်တိုက်ပြန်ရှာနေရပါတယ်။ ဒါကြောင့်မို့ စာအုပ်စောင့်နေကြတဲ့သူတွေကိုလည်း ကျနော်နဲ့တကွ comet book house ကလူတွေအကုန်လုံးကလည်းအားနာနေကြပါတယ်။ ကျနော်တို့အမြန်ဆုံးရအောင်ဆောင်ရွက်နေတာမို့ အရမ်းကြာနေတဲ့အတွက်လည်းကျနော်ကအနူးအညွှန့်တောင်းပန်ပါတယ်ခင်ဗျာ။ အဲ့ဒါကြောင့်စာအုပ်လေးကို ရက်အနည်းငယ်လောက်ထပ်စောင့်ပေးကြဖို့မေတ္တာရပ်ခံပါတယ်နော်။ တကယ်ကိုအခက်အခဲတွေအများကြီးမို့လို့ နားလည်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်။ အားပေးခဲ့ကြတဲ့အာလူးတစ်ယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ခြွေ (ခြွေ) (Completed) Opowieści tętniące życiem. Odkryj je teraz