part 47(z+u)

15.1K 1.5K 53
                                    



" မှိုင်း ငါ ဒါစားမယ် "

" အင်း စား "

" မှိုင်း မှိုင်း ဒါလေးက အရသာရှိမယ်ထင်တယ် လာ "

"မောင် ငါကြိုက်တယ် နောက်တစ်ခုလောက်ဝယ်ပေး "

မုန့်မြင်သမျှ လက်ညွှန်းထိုးကာ တစ်ခုပြီးတစ်ခုစားနေသည့် ခြွေဟာ ရိပ်ထင် အံ့သြလောက်အောင်ကို စားနိုင်ပါသည်။ ယခု သူတို့နှစ်ယောက် ဘန်ကောက်ရဲ့ ညဈေးကို ရောက်နေတာပါ။ တစ်ညနေလုံး ရိပ်ထင် ကပ်ချွဲနေထားသမျှ ခြွေက ပြုံးပြုံးကြီးအချွဲခံသည်။ ညရောက်တော့ ညဈေးသွားကာ တွေ့သမျှ အကုန် လက်ညွှန်းထိုးတော့သည်။ ချစ်သူလေး လက်ညိုးညွှန်ရာ ရေဖြစ်စေမည့် ရိပ်ထင်သည် ခြွေ ခိုင်းသမျှ ခေါင်းတစ်ချက်ငြိမ့်ရုံသာ။ လိုတာအကုန် ခြွေ့လက်ထဲအရောက်။ ဒီလိုချစ်သူမျိုး ပိုင်ဆိုင်ထားတာ ဘယ်လောက် ကံကောင်းလိုက်သလဲ ။ "ငါ့လို ဘဲချောချောဘောစိမရှိတဲ့ လူတွေ အားကျစမ်း" ဟု တွေးကာ ခပ်ချေချေမျက်နှာထားဖြင့် နှာရိုးပေါ်မှ မျက်မှန်လေးအား လက်ခလယ်ဖြင့် ပင့်တင်လိုက်သည့် ခြွေ့ကို ရိပ်ထင်က သဘောကျစွာ ရယ်နေသည်။ မျက်နှာဘေးက အမျိုးမျိုးတတ်နိုင်သည့်ကောင်လေးပါ။

" မောင် ငါ ဒူးရင်းသီးစားချင်သေးတယ် "

"မင်း အရမ်းစားနိုင်တယ်နော် ချဉ်ချင်းတက်နေတာများလား "

" ချဉ်ချင်းတက်ရအောင် ငါက ဗိုက်ကြီးနေတာမှမဟုတ်တာ လဒရဲ့ ဒီမှာ ထိုင်နေမယ် သွားဝယ်ပေး "

ခြွေသည် အနီးအနားက ခုံ၌ ထိုင်လိုက်ပြီး ရယ်ကျဲကျဲဖြင့် မလှမ်းမကမ်းရှိ ဆိုင်လေး၌ ဒူးရင်းသီးသွားဝယ်နေသော ရိပ်ထင်ကိုကြည့်နေလိုက်သည်။

" ဘုတ်!! "

"အယ်...!!"

လက်မှာ အိတ်ထုတ်များ လွှတ်ကျသွားသည့် မိမိဘေးမှ ကောင်လေးကြောင့် ခြွေ့အကြည့်များက ထိုကောင်လေးထံဦးတည်သွားသည်။ ဖြတ်သွားရင် အိတ်လွတ်ကျတာဖြစ်သည်။ ကောင်လေးပုံသည် ထူးခြားနေသည်မို့ ခြွေ ထိုကောင်လေးအား စိုက်ကြည့်နေမိသည်။ ကောင်လေးပုံစံမှာ င်္အကျီဖားဖားကြီးနှင့် ဘောင်းဘီအပွကြီးကိုဝတ်ထားပြီး ပြုတ်ကျသွားသည့် အိတ်ထုတ်ကို ကုန်းမကောက်ပဲ ချည်တုန်ချတုန်ဖြစ်နေသည်။ချစ်စရာမျက်နှာဘေးနှင့် နှုတ်ရဲရဲလေးအား ကိုက်ကာ ဟိုကြည့် ဒီကြည့်ဖြင့် အခက်တွေ့နေပုံကြောင့် ခြွေလည်း မနေသာတော့တာနဲ့ ထိုင်နေရာမှထကာ ကျနေသည့် အိတ်ထုတ်သုံးထုတ်ကို ကောက်ယူကာ ထိုကောင်လေးလက်ထဲသို့ ပေးလိုက်သည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now