part 49(z+u)

14.1K 1.5K 31
                                    

အိမ်အပြန်လမ်းဟာ တကယ့်ကိုတိတ်ဆိတ်နေခဲ့သည်။ ချစ်သူမျက်နှာမကြည်သာတာကြောင့် ရိပ်ထင်မှာ အရိပ်တကြည့်ကြည့် နှင့်သာ ကားကိုအနှေးဆုံးမောင်းလာခဲ့သည်။ မနက်က မိခင်ဖြစ်သူနဲ့ သွားတွေ့သည်မှာ အခြေနေကောင်းရဲ့လား အဆင်ပြေရဲ့လားဆိုတဲ့ အကြောင်းတွေကိုမေးချင်ပေမယ့် ဖုန်းဆက်တော့လည်းမကိုင် ညနေရုံးဆင်းချိန်မှပေါ်လာပြီး အခုထိ စကားမပြောဘဲ ငြိမ်နေသည့် ချစ်သူ၏ အရိပ်အကဲကိုကြည့်ကာ ရိပ်ထင် စိတ်တွေ မတည်မငြိမ်ဖြစ်နေပြီ။မေမေကဘာပြောလိုက်လို့ ခြွေက ဒီလောက်ထိများငြိမ်နေရတာလဲ ။ မေမေက ကန့်ကွက်ပြီးသဘောမတူနိုင်ဘူးပြောအုံးတော့ ခြွေဟာ ဒီလောက်ထိငြိမ်နေစရာမရှိ ။ ဘာကြောင့်ဆိုတော့ ခြွေက သူ့ကိုသိပ်ချစ်သည်မဟုတ်လား ။ ဘာအကြောင်းကြောင့်နဲ့မှ သူ့လက်ကိုမလွှတ်မယ့်သူပါလေ။

ကားလေးဟာ တရွေ့ရွေ့မောင်းလာရင်း ခြွေ့ အိမ်ရှေ့ရောက်တော့ ခပ်ဖြည်းဖြည်းပဲ စက်သတ်လိုက်သည်။ ခြွေက ကားရပ်သွားမှ အတွေးကမ္ဘာထဲက ထွက်လာသူပမာ ဟိုကြည့် ဒီကြည့်လုပ်ရင်း ရိပ်ထင်ပါးကိုအနမ်းပေးပြီး ကားပေါ်မှ ဆင်းဟန်ပြင်သည်။

" ခြွေ "

လက်ချောင်းလေးများကိုဆုပ်ကိုင်လိုက်ရင်း ရိပ်ထင်ဟာ သူ့ရင်ခွင်ထဲသို့ ခြွေ့အား သိမ်းကျုံးသွင်းပစ်လိုက်သည်။

" မေမေကဘာပြောလိုက်လို့လဲ "

တုန့်ပြန်မှုမရှိဘဲ ရင်ခွင်ထဲအတင်းတိုးပြီး ငြိမ်နေသည့် ရင်နင့်သည်းချာရဲ့ စိတ်ထဲမှာ ဘာတွေများလောင်မြိုက်နေပါသနည်း ။ ရိပ်ထင် ရတက်မအေးနိုင်။

" ဟင် မေမေက မောင်တို့ကို သဘောမတူနိုင်ဘူးတဲ့လား "

ပခုံးပေါ်သို့ မှီထားသည့်ခေါင်းလေးက ခပ်ဖြည်းဖြည်းခါ၍ ပြန်ဖြေသည်။ ဒီတော့မှ ရိပ်ထင် ရင်ထဲကအပူစိမ်းက တစ်ဝက်ငြိမ်းသွား၏။

" ဒါဆို ဘာလို့ငြိမ်နေတာလဲ မောင်စိတ်ပူတယ်ကွာ"

နင့်နင့်နဲနဲ ရိပ်ထင်အသံကြောင့် ခြွေက ရိပ်ထင်အား ပို၍တင်းတင်းကျပ်ကျပ်ဖက်ကာ ငြိမ်နေပြန်သည်။ ခြွေ့ရဲ့အသက်ရှူသံခပ်မှန်မှန်နှင့် ရှူထုတ်လိုက်သည့် ဝင်သက်ထွက်သက်က ရိပ်ထင်၏ နားရွက်သို့ လေနွေးနွေးလေးတိုးဝေ့နေသကဲ့သို့။

ခြွေ (ခြွေ) (Completed) Where stories live. Discover now