part 21(Z+U)

19.3K 2.3K 57
                                    

အချိန်ကာလတွေကုန်လွန်သွားခဲ့တာ ယခုဆို သီတင်းကျွတ်ကျောင်းပိတ်ရက်ပင်ရောက်လာခဲ့ပြီ........တစ်လျှောက်လုံး ကြိုးစား၍ စာတွေနဲ့ လုံးပန်းနေခဲ့ရာ သီတင်းကျွတ်လေးတော့ နားရတော့မည်။ယခုအချိန်ထိ ခြွေသည် ကိုထိုက်ဘုန်း ထောင်ကျသွားသည်ကို မသိသေးပါ။ မည်သူမျှ အသိမပေးသလို ခြွေ့ကိုလည်း အသိမခံ ။ အရေးကြီးသည့် အတန်းရောက်နေပြီမို့ စိတ်ထိခိုက်၍ စာမလုပ်နိုင်မည်ဆိုး၍ ခြွေ့ကိုဖုံးကွယ်ထားခဲ့ကြသည်။ ရိပ်ထင်ပင် ပေးမသိ။ စံပယ်သည် ခင်ပွန်းဖြစ်သူ ကိုထိုက်ဘုန်း သွားအဖမ်းခံမည့် နေ့ကပင် အိမ်တွင်း၌ တံခါးပိတ်၍ ငိုကြွေးခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ " ကျေးဇူးရှင်ကို ကျေးဇူးဆပ်တာပါ ဆိုသည့် စကားများနှင့် မင်းတို့ ရှေ့ရေးအတွက်ပါကွာ မကြာခင်ပြန်လွတ်လာမှာပါ သားလေးကိုသာ ဂရုစိုက်ပေးပါ မင်းနဲ့ နေကောင်းနေ ငါအဆင်ပြေပါတယ် ငိုမနေပါနဲတော့ မိန်းမရယ် " ဟူသည့် စကားများက သူမရင်အား ဓားနဲ့မွန်းနေသလား...။ သုံးလေးရက်လောက် နေမကောင်းဖြစ်၍ တစ်လလုံး မျက်နှာညိုးငယ်နေပြီး အစားကောင်းကောင်းမစားသည်မှာ အရင်က ဝဝဖိုင်းဖိုင်းနဲ့ စံပယ်သည် ယခုတွင် သိသိသာသာပင် ပိန်ကျသွားသည်။ ယခုလည်း သားခွင့်ရလို့ ပြန်လာမည်ဆို၍ သားအကြိုက်ဟင်းများချက်ကာ မီးဖိုခန်း၌ ငိုနေမိပြန်သည်။ သားလေးအား ဘယ်လိုပြောရပါ့မလဲ သားက ဖေဖေရောဆိုရင် သူမ ဟန်ဆောင်၍ လိမ်ပြောနိုင်မည်လား.....။ မိခင်တစ်ယောက်၏ သောကနှင့် ဇနီးတစ်ယောက်၏ သောကသည် တစ်ပြိုင်နက် သူမရင်အား လောင်မြိုက်နေ၏.....။

" မေမေရေ မေမေ မေမေရေ သားပြန်လာပြီ"

အိမ်ရှေ့မှ အသံဆာဆာလေးနှင့် တကြော်ကြော်အော်ခေါ်၍ မိခင်အား ရှာဖွေနေသည့် ခြွေ့အသံကိုကြားလေတော့ စံပယ် ကျဆင်းနေသည့် ပါးပြင်ပေါ်မှ မျက်ရည်များအား ကပျာကယာ လက်ဖြင့် သုတ်လိုက်သည်။

" အာ... မေမေက ဒီမှာကို ဘာတွေချက်နေတာလဲ မွှေးနေတာပဲ "

သူမ၏ ခါးအား အနောက်မှ သိုင်းဖက်၌ သူမ ပခုံးပေါ် မေးတင်ပြီး gas မီးပေါ်မှ ဟင်းအိုးအား လှမ်းကြည့်၍ မေးသည်။

ခြွေ (ခြွေ) (Completed) Kde žijí příběhy. Začni objevovat