part 15(z+u)

20.1K 2.4K 120
                                    

"ခြွေ"

ရင်းနှီးလွန်းသည့် ခေါ်သံကြောင့် ခြွေ တံခါးဝသို့ လှည့်ကြည့်လိုက်သည်။ ခပ်တန်းတန်း မျက်ခုံးနှစ်ဖက်ကို ထိလုနီးပါး စုကျုံ့ထားသည့် ရိပ်ထင်ရဲ့ မျက်နှာတွင် အလိုမကျမှု တစ်ခုခုကပ်တွယ်နေသည်။ စူးရဲသော မျက်လုံးများက ခြွေ့ရှေ့၌ ထိုင်နေသော ယံယံ့ထံတွင်.....။

" ပြောလေ မှိုင်း "

ပုံမှန် အသံလေးဖြင့် ခြွေ အတိုးမကျယ် ပြန်ထူးလိုက်သည်။

" ငါ အပြင်ခဏသွားမလို့ လိုက်ခဲ့ "

အေးစက်စက် ရိပ်ထင်အသံနှင့် အကြည့်သည် ယံယံပေါ်တွင် သွေဖယ်၍ ခြွေ့ထံသို့ ရောက်လာသည်။

" ခြွေရံမင်း ဒါမင်းသူငယ်ချင်းလား "

ယံယံ၏ ခပ်နွဲ့နွဲ့အသံက ရိပ်ထင်နားထဲသို့ ကန့်လန့်ကြီးထိုးဝင်သွားသည်။ ပုံစံကြည့်တော့လည်း မိန်းမလိုအပြင်အဆင်နဲ့မို့ ရိပ်ထင် ယံယံအား ကြည့်မရ။

"ငါ့အစ်ကို "

သူစိမ်းတွေရှေ့ရောက်ရင် အမြဲ ညီအစ်ကိုလို့သာ ပြောတတ်သည့် ရိပ်ထင်အကျင့်ကြောင့် ခြွေသည်လည်း ယံယံ၏ ရွှမ်းရွှမ်းစားစား မျက်လုံးအကြည့်မှလွတ်အောင် အစ်ကိုဟုသုံးလိုက်သည်။

" သြော်....အချောလေးပဲနော် အဟီ ဒါနဲ့ နာမည်ဘယ်လိုခေါ်လဲဟင် "

စိတ်ဝင်စားသော မျက်လုံးများနှင့် မိန်းမဆန်ဆန် နွဲ့တဲ့တဲ့ အသံကြောင့် ရိပ်ထင် စိတ်သည် ထောင်းခနဲဖြစ်သွားသည်။ သူ့ကို ဒီကောင်က ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေတာလဲဆိုပြီး ရိပ်ထင်မျက်နှာသည် ပိုတင်းသွားခဲ့သည်။ ယံယံနှင့် ရိပ်ထင်ကြား အကဲခပ်တတ်သော ခြွေသည် ရိပ်ထင် ဆိုးဆိုးရွားရွား ယံယံအား တစ်ခုခုမပြောခင် ရိပ်ထင်နှင့် မြန်မြန်လိုက်သွားမှဖြစ်မည်။ မဟုတ်ရင် ရိပ်ထင်အကြည့်များက အလွန်ကြောက်ဖို့ကောင်းနေပြီ။

" လာ သွားမယ်လေ မှိုင်း အပြင်သွားမယ် "

ထိုင်နေရာမှ ထ၍ ရိပ်ထင် နား ဆက်ခနဲရောက်သွားကာ  ရိပ်ထင်အား ဆွဲခေါ်၍ ထွက်ခဲ့ရသည်။ ဒါကို ယံယံက မျက်စိတစ်ဖက်မှိတ်ပြကာ ရိပ်ထင်အား ရယ်ပြလိုက်သေးသည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now