part 50(z+u)

15K 1.5K 45
                                    

မြို့အလွန်က အတော်အလှမ်းဝေးပြီး ချို့တဲ့ဆင်ရဲတဲ့ မိဘမဲ့ ဂေဟာ အသေးလေးကို ခြွေရောက်နေသည်။ ထိုနေရာကို ဝသာန်က လူမှု့ကွန်ယက်တစ်ခုက ရှာတွေ့ခဲ့လို့ နေရာသေချာစုံစမ်းပြီး ရောက်နေခြင်းပါ။ အချိန်အားဖြင့် နေ့ခင်း ၁၁နာရီရှိပြီ။ မိဘမဲ့ ကျောင်းလေးရဲ့ ဘေးဘက် ခြေတံရှည် သစ်သားကျောင်းတိုက်ထဲမှာ သက်တော် ၅၀နီးပါးရှိသော ဘုန်းကြီးတစ်ပါးရယ် ကိုရင်လေး ၃ပါးသည် သီတင်းသုံးနေလျက်ရှိသည်။ တိုက်အိမ် အပုလေးကို ဟောကြီးသဖွယ်ဆောက်ထားသည့် တိုက်လေးထဲမှာတော့ မိဘမဲ့ ကလေး အယောက် ၃၀ကျော်လောက်ရှိလေသည်။ မွေးကင်းစကလေးပေါက်စက စလို့ အသက်၁၆ ၊ ၁၇ လောက်ရှိသော ဆယ်ကျော်သက် ကလေးများလည်းရှိသေးသည်။ ထိုကလေးအားလုံးကို အသက်အကြီးဆုံးဖြစ်သော အသက်၂၀အရွယ်ကောင်လေးက ထိန်းကွတ်ရသည်။ ထိုမိဘမဲ့ကျောင်းတွင်တော့ အနီးအနားရှိ ရွာနားမှာ လူတွေက ကလေးငယ်များကို ဝိုင်းရှောင့်စောက်ကြပြီး ၄၀ကျော်အရွယ်ရှိ လင်မယားသည် ထိုကလေးငယ်နှင့် သံဃာတော်များ၏ ဝေယျာဝစ္စ ကို ကူလုပ်ပေးပါသည်။

နေ့ဆွမ်းကပ်ပြီးချိန်တွင် ဘုန်းဘုန်းကြီးနှင့် ကိုရင်လေးတွေကို အချိုပွဲ ကပ်၍

" ဘုန်းဘုန်းဘုရား တပည့်တော် ဒီမိဘမဲ့ ကျောင်းအတွက်ရော ဘုန်းဘုန်းရဲ့ ကျောင်းအတွက်ပါ အဆောက်အဦး ပြန်လည် ပြုပြင် လှူဒါန်းချင်ပါတယ်ဘုရား "

" ဦးဇင်းကျောင်းအတွက်က ရပါတယ် တကာလေး ဒါပေမယ့်လို့ ကလေးတွေအတွက် နေစရာကျယ်ကျယ်လေးလိုတာတော့ အမှန်ပါပဲ ဦးဇင်းတို့ ဒီဘက်ခေါင်ပြီး ဆင်းရဲတော့ ကလေးတွေအတွက်က မိုးတွင်းနဲ့ ဆောင်းတွင်းဆိုရင် ဒုက္ခများတယ်ကွဲ့ "

" တင်ပါ့ဘုရား ဒါကြောင့် ကျောင်းနောက်က မြေမှာ နှစ်ထပ်ကျောင်းဆောင်ကြီး လှူဒါန်းချင်ပါတယ်ဘုရား ကျောင်းဆောင်ကိုတော့ တပည့်တော်ရဲ့ မိဘများနဲ့မိသားစုကို အမှူးပြီး ရည်စူးလှူဒါန်းချင်ပါတယ် ဘုရား "

" အင်း ကောင်းလေစွ တကာလေး"

" ပြီးတော့ ဒီကျောင်းလေးရဲ့ ရိက္ခာနဲ့ ကလေးတွေရဲ့ အစစအရာရာ အတွက် တပည့်တော် နှစ်စဉ် ထောက်ပံ့ပါ့မယ် တပည့်တော်ကိုယ်တိုင်ကလည်း မိဘမရှိတော့တာမို့ ကလေးတွေရဲ့ အဖြစ်ကို သနားလွန်းလှပါတယ်ဘုရား "

ခြွေ (ခြွေ) (Completed) Where stories live. Discover now