part 10(z+u)

22K 2.5K 58
                                    

ရိပ်ထင် မိမိအိမ်သို့ပြန်လာပြီးနောက် အခန်းတံခါးကို ဝုန်းခနဲပိတ်လိုက်ကာ အပြစ်မဲ့သည့် အခန်းနံရံအား လက်သီးဖြင့်ထိုး၍ ဒေါသများပုံချလိုက်သည်။ နေ့လည်အပြင်ကပြန်လာကတည်းက မေမေ၏ ပြောပြချက်အရ ခြွေ သူ့ဆီလာသွားသည်ဟုပြောသဖြင့် ရိပ်ထင်မှာ အိမ်ထဲပင်ရောက်အောင်မနိုင်ဝင်ပဲ ဘေးအိမ်သို့ ကူးသွားကာ ခြွေ့ဆီသို့ အရောက်သွားမိတော့ ခြွေကမရှိ။ တီတီစံပယ်က မင်းခန့်ချောနှင့်အတူ မုန့်သွားစားသည်ဟုပြောသည်။ ထွက်လာသည့်ဒေါသကိုမျိုသိပ်ကာ သိပ်မကြာဘူးထင်၍ ခြွေ့အခန်းထဲတွင် ထိုင်စောင့်နေသည်မှာ နေ့လည်မှ ညနေသို့ ရောက်ရှိခဲ့သည်။ တစ်စတစ်စတိုးလာသည့် ဒေါသများကို ချုပ်ထိန်းရင်း ရိပ်ထင် ခြွေ့ကိုစောင့်နေခဲ့ပါသည်။ သူငယ်ချင်းဖြစ်သူ၏ပြောပြချက်နှင့် သူငယ်ချင်းအိမ်သွားလျှင်မြင်တွေ့ရသည့် မြင်ကွင်းများအရ မင်းခန့်ချောသည် ယောက်ျားတွေနှင့်တွဲသူဖြစ်ကာ ယောက်ျားများနှင့် ရှုပ်သူလည်းဖြစ်သည်။ မင်းခန့်ချောနားတွင် ခပ်ချောချော ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်ယောက် အမြဲရှိနေတတ်သည်။ ဆရာဝန်ပေါက်စ ဥစ္စာပေါ ရုပ်ချောဆိုတော့လည်း ခပ်ချောချောခပ်ငယ်ငယ်ကောင်လေးများသည် မင်းခန့်ချောနား ကပ်တတ်သည်။ ရိပ်ထင်သည် gayတွေကိုမမုန်းသော်လည်း လိင်တူချစ်ခြင်းကို လက်မခံနိုင်ပါ။ အထူးသဖြင့် သာယာမှုအရတွဲနေသည့် မင်းခန့်ချောလိုလူမျိုးကို ရိပ်ထင်ရွံသည်။ ခြွေနှင့် မင်းခန့်ချောစတွေ့တုန်းက ခြွေ့ကိုကြည့်သည့် အကြည့်များကို ရိပ်ထင်မနှစ်သက်ပေ။ အမြဲတမ်းရီဝေဝေနှင့်ဆွဲငင်အားရှိသည့်မျက်လုံးများနှင့် ခြွေ့ကိုကြည့်တတ်သည်။ ထိုအခါ ရိပ်ထင်သည် မင်းခန့်ချော၏ မျက်လုံးများကို ဖောက်ထုတ်ပစ်ချင်လောက်အောင်ဖြစ်ရသည်။ ဖြူစင်ရိုးသားသည့် ခြွေကတော့ ဒါတွေမသိ ။ အမြဲရမ်း ချစ်စရာကောင်းသည့် အပြုံးများကို မင်းခန့်ချောရှေ့တွင် ထုတ်သုံးတတ်သေးသည်။ ဒါကို ရိပ်ထင်နည်းနည်းမှမကြိုက်ပါ။ လက်မှနာရီအား ကြည့်ရင်း ဒေါသများကတလိပ်လိပ်တက်လာသည်။ အခုဆို ဘယ်လောက်တောင် မင်းခန့်ချော၏ မာယာထဲတွင် ခြွေနစ်မျောနေမလဲ ။  တွေးရင်း စိတ်တိုစွာ တောက်ခေါက်လိုက်သည်။

ခြွေ (ခြွေ) (Completed) حيث تعيش القصص. اكتشف الآن