Extra End(z+u)

20.2K 1.5K 95
                                    

တစ်နှစ်ခန့်ကြာသော်........

နွေဥတုမို့ အပူချိန်ကပြင်းလွန်းလှသည်။ အပူဒဏ်က မနက်ခင်းအချိန်၌ပင် အစပြုသဖြင့် မနက်စောစော ရေချိုးပြီးသည့်တိုင်အောင် ချွေးများစို့နေသလို ခြွေခံစားနေရသည်။

" မောင်ရေ သနပ်ခါး ပိုသွေးပေးထားနော် ငါလည်း လိမ်းမလို့ "

ကလေးလိမ်းရန်သနပ်ခါးသွေးနေသည့် ရိပ်ထင်ကို ခြွေက သမီးလေး ရေသုတ်ပေးရင်း လှမ်းပြောလိုက်တော့ သနပ်ခါးသွေးနေသည့် ရိပ်ထင်လက်တွေက စက်ကဲ့သို့ မြန်လာပြီး အပြုံးကြီးကြီးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ခြွေကို့သနပ်ခါးနဲ့ ပထမဆုံးပြန်မြင်ရတော့မည်ဟုတွေး၍ ရိပ်ထင်ပျော်သွားသည်။ သမီးငယ်ရဲ့ ပါးဖောင်းဖောင်းလေးကို ခြွေက တရွှတ်ရွှတ်နမ်းရင်း အနှီးဖြင့် ထုတ်ကာ ပိုက်ထား၏ ။ ခြွေ့ကိုယ်၌ ခါးအောက်ပိုင်းပတ်ထားသည့် သဘက်တစ်ထည်သာရှိသည်။

" မောင် သွေးပြီးပြီ "

" ကဲ ဖေဖေ့ ကြယ်လေးကို ခါးခါးမွှေးမွှေးလေးလိမ်းပေးမယ် "

" အဲ အဲ "

" ဒီနေ့မှ မောင့်သမီးက အသံတွေထွက်နေလိုက်တာ "

သမီးငယ်ကို ပေါင်ပေါ်တင်ရင်း ချော့မြူကာ သနပ်ခါးလိမ်းပေးနေသည့် ခင်ပွန်းလေးကို ရိပ်ထင် ရပ်၍ ငေးကြည့်နေမိသည်။ သမီးလေးရောက်လာမှ ခြွေဟာ အရင်ကထက် နူးညံ့သွားသလို တစ်ခါတရံ မိခင်ကြီးနှင့်လည်း တူလာတတ်သည်။အဲ....ဒါပေမယ့် သူ့ကို မိခင်ကြီးနဲ့ တူတယ်လို့တော့ မပြောမိစေနဲ့ ။ ပြောမိလို့ကတော့ " မင်းက ငါ့ကို မိန်းမလို့ ပြောတာလား " ဆိုပြီး လူပေါ် တက်ခွပြီး အတင်းကို အဓမ္မကျင့်တော့တာပဲ ။ ဟိုတလောကတောင် အဲ့လို စမိလို့ ရိပ်ထင်မှာ အောက်ပုဂ္ဂိုလ်ဘဝရောက်လိုက်ပါသေးသည်။ ထိုအဖြစ်ကို ပြန်တွေးမိတော့ ရိပ်ထင်ကျောထဲစိမ့်ခနဲဖြစ်သွား၍ အတွေးကိုဖြတ်ကာ ယောက်ျားနှင့် သမီးဝတ်ဖို့ င်္အကျီနဲ့ ဘောင်းဘီထုတ်ပေးရန်ပြင်လိုက်သည်။

" မောင် လက်တိုအပါးလေးနှင့် ဘောင်းဘီ တိုပဲ ထုတ်ပေးနော် ဒီနေ့ တော်တော်ပူတယ် သမီးအတွက်ရောပဲ "

ခြွေ (ခြွေ) (Completed) Where stories live. Discover now