part 11(Z+U)

22K 2.9K 54
                                    

ပြာလဲ့သော မိုးကောင်းကင်ကြီးကို ငေးရင်း ကောင်းကင်မှဖြာကျလာသော နေရောင်ခြည်နွေးနွေးကို မျက်နှာမော့၍ ခံယူနေသည်။အသက်ပြင်းပြင်း ရှူရှိုက်မိတိုင်း နှာခေါင်းဆီသို့ တိုးဝေ့လာသော ပင်လယ်နံ့လေးက ခြွေ့စိတ်တွေကို လန်းဆန်းသွားစေသည်။ လတ်ဆက်သည့်လေကို တစ်ဝကြီး ရှူသွင်းလိုက်ရင်း ချယ်ရီရောင်နှုတ်ခမ်းပါးက ကော့တက်သွားသည်။ ကမ်းစပ်ဆီသို့ အပြေးအလွှားဖြင့် တလိမ့်လိမ့် ကူးခပ်လာနေကြသော လှိုင်းလုံးလေးများကိုကြည့်ကာ ခြွေပြုံးလိုက်သည်။

// ပင်လယ်.....။ အပေါ်ယံကြည့်ရင်ဖြင့် လှပလွန်းတဲ့ ရှုခင်းတစ်ခု၊ မြင်သူတိုင်း စိတ်ပျော်စေပြီး ပျော်ရွှင်ခြင်းတွေကို ပေးနိုင်တဲ့သူ ၊ သို့ပေမဲ့လို့.....လှပလွန်းသော အရာများကို ခွာချလိုက်ပါလျှင်....သူဟာ မာယာများလွန်းသော အန္တာရယ်တစ်ခုပင်။လတ်ဆက်သောလေညှင်းများကလည်း ကြမ်းတမ်းသော လေပြင်းအဖြစ်သို့ပြောင်းသွားနိုင်သလို လှပသော လှိုင်းလုံးလေးများကလည်း ကြီးများခက်ထန်သည့် ရေလှိုင်းလုံးကြီးအဖြစ်အသွင်ဆောင်နိုင်သည်။ ပြာလဲ့နေသော ရေပြင်သည်လည်း မဲညစ်သော အရောင်အဖြစ်သို့ အသွင်ပြောင်းနိုင်သည်။ သူထံသို့ လာရောက်ပျော်မြူးခစားကြသော လူတွေကိုလည်း ပျော်ရွှင်မှုပေးနိုင်သလို.......ထိုလူများ၏ ပြန်လမ်းမရှိသော နေရာတစ်ခုကိုလည်း သူက ပို့ပေးနိုင်သေးသည်။ သြော်...........ပင်လယ်....။ မင်း သိပ်မာယာများတာပဲ။သို့ပါသော်လည်း......ငါကမင်းကိုသဘောကျတယ် ။ တစ်နည်း......ငါကမင်းနဲ့ သိပ်ကိုတူချင်တယ်.....//

" ခြွေ တီတီစံပယ်က ညနေမှ ရေထဲဆင်းရမယ်တဲ့ အဲ့မှာရပ်မနေနဲ့ လာခဲ့ ပုစွန်ကင်တွေ သွားစားရအောင် "

တဲအမိုးအောက်မှ ရိပ်ထင်သည် နေပူထဲ၌ရပ်၍ ပင်လယ်ဘက်သို့ ငေးကြည့်နေသော ခြွေ့အား အော်ဟစ်၍ အသံပေးလိုက်သည်။ ခြွေ ခေါင်းလေးငြိမ့်ကာ ရိပ်ထင်ဆီပြေးသွားသည်။

တစ်လနားရသည့်အတောအတွင်း ခြွေတို့မိသားစုနှင့် ရိပ်ထင်တို့မိသားစုသည် ငွေဆောင်သို့ အပန်းဖြေခရီးထွက်လာကြသည်။ အပန်းဖြေခရီးဆိုသည့်အတိုင်း ရှိသဖြင့် ဘဝအမောပန်းများကို တစ်ခါတည်းအပြီး ဖြေဖျောက်မည်ဆိုသည့် ဦးမင်းထင်...။ အချိန်တိုင်း အလုပ်ထဲခေါင်းနှစ်ထားရသည့် ဦးမင်းထင်နှင့် ကိုထိုက်ဘုန်းတို့ နှစ်ယောက်သည် စိတ်အပန်းများပြေသွားသည်အထိ ဒီငွေဆောင်မှာ အနားယူကြမည်ဟု စိတ်ကူးဖြင့် မိသားစုခရီးလေးထွက်လာခဲ့ကြသည်။ မိသားစုနှင့်အတူ ခရီးမသွားဖြစ်တာကြာပြီဖြစ်သည့်အတွက် ရိပ်ထင်သည် အတော်ပင်ပျော်နေသည်။ ပုံမှန်ဆို ဦးမင်းထင်သည် ရိပ်ထင်တို့အပေါ် အချိန်သိပ်မပေးနိုင်....။ နိုင်ငံခြားခရီးစဉ်များနှင့် အလုပ်များကြား ရုန်းကန်နေရသည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now