part 25(2)[Z+U]

20.2K 2.4K 46
                                    

ဆိုးလ်မြို့၏ ဆည်းဆာချိန်တွင် ကျပ်တည်းလာသော ကားများသည် မီးပွိုင့်တစ်လျှောက် ပြည့်ကျပ်လျက်ရှိ၏။ မီးပွိုင့်ရှေ့ ကားတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ခြွေ့ရဲ့ ကားအဖြူရောင်လေးမှာ တစ်ဘီးတောင် မလိမ့်သာတော့.....။အလျင်လိုနေ၍ လက်မှ နာရီအား တစ်ချက်ပြန်ကြည့်သည် ။ ဒီလိုဆို အချိန်မှီနိုင်မည်မဟုတ်....။ ကားပိတ်တာ ကြာအုံးမည်ဆို၍ ကားကို ဒီတိုင်းထားကာ လော့ချခဲ့သည်။ ထို့နောက် သုတ်ခြေတင်ကာ အလောတကြီးပြေးတော့၏.....။

မူလတန်းကျောင်းရှေ့ ရောက်တော့ သူ၏ ခြေလှမ်းများက တိခနဲရပ်တန့်သွားခဲ့သည်။ ကျောင်းတံခါးရှေ့လေးမှာ ဆောင့်ကြောင့်လေးထိုင်နေသည့် ကလေးမလေးတစ်ယောက်။ ကလေးလေးသည် ဂါဝန် အဖြူရောင်လေးနဲ့ ဆံပင် ခပ်တိုတိုလေးရယ်ပါ။ ဖြူအုနေသည့် အသားရည်မှာ အအေးဒဏ်ကြောင့် ပါးနှစ်ဖက်နှင့်နှာခေါင်းထိပ်လေးသည် ရဲ၍နေ၏ ။ ခေါင်းကိုငုံ့ထားရင်း လမ်းပေါ်သို့ တုတ်သေးသေးနှင့် ရေးခြစ်နေပြီး နှုတ်ခမ်းပိစိလေးသည် စုထော်ထား၏။ကလေးလေးကတော့ စိတ်ကောက်နေပြီ။

" papa ရောက်လာပါပြီ မင်းသမီးလေး "

ခြွေဟာ ကလေးမလေးရှေ့ ဦးညွှတ်ကာ ရယ်တစ်ဝက်ဖြင့်ပြောတော့ ထိုကလေးမလေးသည် ခြွေ့ကို တစ်ချက်ကြည့်၍ နှာခေါင်းရှုံ့ကာ မျက်နှာလွှဲသွား၏။

" မင်းသမီးလေးက နောက်ကျလို့ စိတ်ကောက်နေတာလား တောင်းပန်ပါတယ် သမီးရယ် ကားတွေပိတ်နေလို့ papa ဆင်းပြီးပြေးလာရတာ "

စူပုတ်နေသည့် ကလေးလေးကို ခြွေ အသဲယားကာ ကောက်ချီလိုက်သည်။

"စိတ်မဆိုးပါနဲ့ အိမ်ရောက်ရင် သမီးကြိုက်တဲ့ မြန်မာထမင်းသုတ် papa ကိုယ်တိုင်လုပ်ကျွေးပါ့မယ် "

ထိုအခါ ကလေးငယ်သည် ပြုံးသွား၍ ခြွေ့ပါးပြင်အား ဖျက်ခနဲနမ်းပစ်လိုက်၏ ။

" ကြယ်လေး papa ကအတော်ဆုံးပဲ "

မြန်မာသံဝဲဝဲနှင့် မပီတပီ အသံလေးကြောင့် ခြွေပြုံးလိုက်သည်။

" ကဲ ဒါဆိုလည်း အိမ်မြန်မြန်ပြန်ကြတာပေါ့ မင်းသမီးလေးရေ "

ခြွေ (ခြွေ) (Completed) Unde poveștirile trăiesc. Descoperă acum