Extra 1(z+u)

15.9K 1.3K 29
                                    


နက်မှောင်၍ ပြောင်လဲ့နေသော ကားလေးတစ်စီးသည် Star အမည်ရှိသော shopping center တစ်ခု၏ ကားပါကင်တစ်နေရာတွင် ထိုးရပ်လိုက်သည်။ ကားပေါ်မှ ဆင်းလာသော ကောင်လေးသည်  သပ်ရပ်ကျော့မော့နေသည့် သူ၏ အသွင်ကို မြင်သူတိုင်းမျက်စိ ပသာဒဖြစ်ပေသည်။ ဖြူဖွေးသော ခြေချောင်းလေးက ကတ္တီပါဖိနပ်အမဲရောင်နဲ့ လိုက်ဖက်စွာ ခြေသည်းများကိုသေချာသန့်ရှင်းညှပ်ဖြတ်ထား၍ ယောပုဆိုး အညိုရောင်အောက်မှ ခြေလှမ်းလိုက်တိုင်း မြင်နေရသည့် ခြေချောင်းတွေကား အလွန်လှပါ၏။ တိုက်ပုံင်္အကျီ အမဲရောင်နှင့် ပိတုန်းရောင်အသွေးရှိသော ဆံပင်သားတို့ကို ခေါင်းလိမ်းဆီဖြင့် သေချာ ဖြီးလိမ်းသပ်တင်ထားသည့် သူ၏ ဆံပင်ပုံစံသည်လည်း ရိုးရိုးရှင်းရှင်းသပ်သပ်ရပ်ရပ်ရယ်ပါ။ ကြည်လင်အေးချမ်းနေသော မျက်နှာလေးနဲ့ လမ်းလျှောက်ပုံကအစ အချိုးကျလှသည့် ဝသာန်သည် သူများအလယ်တွင် ထင်းထင်းရင်းရင်းရှိလှသည်။

ဒီနေ့ ဒီကိုလာတာသည်က တရားရုံးကအပြန် သူ့အကိုကြီး ခြွေရံမင်းကြိုက်တတ်တဲ့ ကြက်ပေါင်းလေးနဲ့ ဂျေဒိုးနပ်မုန့်လေး ဝင်ဝယ်ခြင်းဖြစ်သည်။ ရိပ်ထင်နှင့် ခြွေတို့လက်ထက်ပြီး အစပိုင်းကတော့  ဝသာန်သည် တိုက်ခန်းတစ်ခန်းနှင့် သက်သက်နေသည် ။ နောက်ပိုင်းကျတော့ ခြွေက ဝသာန်နဲ့ မခွဲနိုင်ဘူး ၊ စိတ်မချဘူးဆို၍ ဝယ်ထားသည့် တိုက်ခန်းကိုရောင်း၍ အရင်နေခဲ့သည့် ခြွေ့အိမ်မှာပဲ ဝသာန်ပြန်နေရသည်။ ရိပ်ထင်ကိုတော့ အားနာပေမယ့် ဝသာန်ဟာ ခြွေ့မျက်နှာတစ်ခုတည်းကိုပဲ ကြည့်သူမို့ သူ့အကိုကြီး မျက်နှာနည်းနည်းညိုးနေရင်ပင် သူ့မှာ အကိုကြီး၏ တစ်မိန့် တစ်သံ အတိုင်းပင် အကိုကြီးစိတ်တိုင်းကျဖြစ်စေသည်။ ရှေ့နေကြီး၏ ပညာသင်ပေး လမ်းပြပေးမှုနှင့် ခြွေ၏ ထောက်ပံ့ပေးမှုကြောင်လည်း ယခုဆို ဝသာန်သည် ရှေ့နေပေါက်စပင်ဖြစ်နေပြီဖြစ်သည်။ သို့ပေမယ့် ၂၂နှစ်အရွယ် ရှေ့နေဆိုပြီးအထင်မသေးပါနှင့်။ အရွယ်ငယ်ပေမယ့် ပညာကမငယ်တာမို့ ရှေ့နေကြီး၏ အားကိုးရာကြီးကဝသာန်ပင်ဖြစ်နေ၏ ။

ပထမဦးစွာ ဂျေဒိုးနပ်ဆိုင်သို့ ဝသာန် ဦးတည်သွားလိုက်သည်။ ခြွေက ဂျေဒိုးနပ်နှင့် ကော်ဖီပူပူလေးဆို သိပ်ကြိုက်တတ်တာမဟုတ်လား ။ ဆိုင်တွင်းသို့ရောက်တော့ ခြွေကြိုက်တတ်သည့် မုန့်များကို ရွေးထည့်ပြီး ပါဆယ်ထုတ်ခြင်းကိုရပ်စောင့်နေလိုက်သည်။ စောင့်နေရင်းဖြင့် ဆိုင်တွင်း ဝေ့ကြည့်တုန်းမှာ တစ်နေရာအရောက်တွင် ဝသာန့်မျက်လုံးများ ရပ်တန့်သွား၏ ။ ဝသာန်သည် ထိုစားပွဲဝိုင်းသို့ စူးစမ်းသလို အကဲခပ်ကြည့်နေသည်။ ထို့နောက် ငွေရှင်း၍ ပါဆယ်ထုတ်ယူကာ ထို စားပွဲသို့ လျှောက်လာခဲ့၏ ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now