part 48(z+u)

14.3K 1.6K 159
                                    


" ဝသာန် "

  "ကိုကြီး "   
   

ဆေးရုံခန်းတွင်းသို့ အလောတကြီးဝင်လာသည့် ခြွေ့ကို ဝသာန် လှဲနေရာမှ ထထိုင်ကာ အံ့သြတကြီးကြည့်သည်။  

" ဘယ်လိုဖြစ်တာလဲ သက်သာရဲ့လား "    
 

ဝသာန်ရဲ့ နဖူးပြင်ကိုလက်ခုံဖြင့် စမ်းကာ မေးသည့် ခြွေ့မျက်နှာသည် တည်ငြိမ်နေဟန်ရှိသော်လည်း မျက်ဝန်းများက စိုးရိမ်အကြည့်တို့ဖြင့် ပြည့်နေသည်။    

" ထိုင်ပါအုံးကိုကြီးရဲ့ ကျနော် သက်သာပါတယ် အစ်ကို ဂရုစိုက်ပေးလို့ အများကြီးသက်သာနေပြီ "  

ဝသာန်ပြောမှ ခြွေက မသိမသာလေးသက်ပြင်းချကာ ခုံ၌ထိုင်လိုက်သည်။ ဘဝမှာ ဆုံးရှုံးမှုတွေကများခဲ့တဲ့သူ့အတွက်က နောက်ထပ်ဆုံးရှုံးခြင်းတွေကို ထပ်မကြုံချင်တော့ဘူး။ လေဆိပ်က ပြန်လာချင်းပဲ အိမ်တန်းပြန်ခဲ့ပေမယ့် အိမ်ရောက်တော့ ဝသာန့်ကိုမတွေ့မိသည်နှင့် ရှာကြည့်မိတော့ ခြံစောင့်ဘကြီးက လာပြောသည် ။ ဝသာန်ဆေးရုံတင်ရသည့်အကြောင်းနှင့် မင်းခန့်ချောကပဲ ဆေးရုံပို့ပေးသည့်အကြောင်းကို သိလိုက်ရတော့ ခြွေ အဝတ်တောင်မလဲနိုင်ဘဲ ။ ချက်ချင်းပင် မင်းခန့်ချောအဖေ ဆေးရုံကို ရိပ်ထင်အားဖုန်းဆက်မေး၍ လိုက်လာခဲ့သည်။ ရိပ်ထင်သည် သူ့အားအိမ်ပို့ခဲ့ပြီး ဒေါ်ဝင့်ဝါထည်က ဖုန်းဆက်ခေါ်၍ သူ့အိမ်သို့ ခဏပြန်သွားလေသည်။ အတူနေခဲ့သည့် ၈နှစ်လုံးလုံး ဝသာန်ဟာ နှာစေး ခေါင်းဆိုးအပြင် ရောဂါအပိုမရှိခဲ့တာမို့ အခုလိုဆေးရုံတင်ရသည်ကြားသောအခါ ခြွေရင်တွေပူသွားခဲ့သည် ။

" ဒါနဲ့ ကိုကြီးရဲ့မောင်ရော "

ဝသာန်က ပြုံးစိစိဖြင့် မေးသည်။ ဝသာန်သည် ခြွေက ရိပ်ထင်အား မောင်ဟု ခေါ်သည်ကိုကြားပြီးကတည်းက ရိပ်ထင်အား နာမည်မခေါ်တော့ဘဲ ကိုကြီးရဲ့မောင်လို့သာ ခေါ်လေသည်။ ထိုသို့ ခေါ်တိုင်း ရိပ်ထင်ကတော့ ပြုံးပြုံးကြီးဖြင့် သဘောကျသလောက် ခြွေကတော့ အနေခက်လှသည်။

" သူက သူ့အမေခေါ်လို့ အိမ်ပြန်သွားတယ် ငါက အိမ်ရောက်တော့ ဘကြီးကပြောလို့ ချက်ချင်းလိုက်လာတာ အဝတ်စားတောင် မလဲရသေးဘူး ဘယ်လောက်တောင်ဖြစ်လို့ ဆေးရုံတက်ရတာလဲ "

ခြွေ (ခြွေ) (Completed) Where stories live. Discover now