special extra 2

3.8K 251 0
                                    

အချပ်ပို ၇



ညနေခင်း၏ ပါတီပွဲသည် အခမ်းနားဆုံးသောဟိုတယ်ကြီး၏အနောက်ဘက်ရှိ သောင်ပြင်ပန်းခြံကျယ်ကြီးထဲတွင်ကျင်းပခြင်းဖြစ်သည်။ ပင်လယ်ကိုမျက်နှာမူထားသည့် သောင်ပြင်ပန်းခြံကြီးက ပုဇွန်ဆီရောင်တဖြည်းဖြည်းတက်လာသော အလင်းဓာတ်နှင့်အတူ မီးရောင်ဖျော့ဖျော့တို့ဖြင့်ထွန်းလင်းတောက်ပလျက် တုနှိုင်းမဲ့စွာလှပနေကြသည်။ ပေါ်လွင်ပေါ့ပါးသည့်ပွဲတက်ဝတ်စုံကိုယ်စီဖြင်​့ မြူးကြွသောတေးသီချင်းသံများကြားတွင် ပျော်ရွှင်စွာကခုန်နေကြသည့် လူများသည်အများအပြားဖြစ်ကာ ထိုပွဲ၏အဓိကဇာတ်လိုက်နှစ်ဦးဖြစ်သော သတိုးသားနှစ်ယောက်သည်လည်း တွဲဖက်ညီစွာ လူအုပ်ကြားထဲတွင် ကခုန်နေ၏။


" အေကြီး!!!(ဖေကြီး)......ပေပေ(ဖေဖေ)!!!  "



ဒေါ်ဝင့်ဝါထည်၏ လက်ထဲတွင်ချီပိုးထားသည့် လင်းလက်ကြယ်စင်လေးက ပါတီပွဲလယ်ရှိ လူအုပ်များကြား တွဲကနေသည့် ရိပ်ထင်နှင့်ခြွေတို့ကိုမြင်သည့်အခါ အသံဆူးဆူးလေးဖြင့်အော်ခေါ်၍ သူ့အဖွားကိုခေါင်းလေးစောင်းကြည့်ကာလက်ညိုးထိုးပြသည်။ ဒေါ်ဝင့်ဝါထည်က ကလေးလေးကိုချီထရင်း သဘောကျစွာ ရယ်နေပြီး အလိုက်တသင့်ပင်သူ့မြေးပြောသမျှကိုခေါင်းငြိမ့်နေသည် ။


" ဖွားဖွား အေကြီး!! တွားမယ် "


လင်းလက်ကြယ်စင်လေးသည် မပီသသောစကားသံလေးဖြင့် သူ့အဖွားကိုကြည့်ပြီးနောက် ခြွေ့အားဖက်ထားသည့်ရိပ်ထင်ဆီလက်ညိုးထိုးပြကာ ပူဆာနေသည်။


" ထင်ထင် မီးမီးအေကြီးက မအားဘူးလေ ။ ဒီမှာဖွားနဲ့ ကိတ်မုန့်ချိုချိုလေးစားရင်မကောင်းဘူးလား ဟင်... ဒီမှာကြည့်ပါအုံး အရမ်းအရသာရှိတာနော် "



လင်းလက်ကြယ်စင်၏ နာမည်အား ရိပ်ထင်က လင်းလက်ကြယ်ထင်ဟု မရမကပြောင်းခေါ်ပြီးကတည်းမှစ၍ ကလေးလေး၏အိမ်ခေါ်နာမည်သည် ထင်ထင်ဟူ၍ဖြစ်လာသည်။ ဒေါ်ဝင့်ဝါထည်က သူ၏အနီးစားပွဲပေါ်ရှိ စတော်ဘယ်ရီကိတ်လေးကိုယူကာ ထင်ထင်​လေးအား အာရုံလွှဲလိုက်သည်။ ထိုအခါ ထင်ထင်​လေး၏မျက်လုံးလေးများ ချက်ချင်းတောက်ပသွားကာ သူ့ပေပေ(ခြွေ)ကို အေကြီး(ရိပ်ထင်)ဆီမှမလုချင်တော့ဘဲ ကိတ်မုန့်ချိုချိုလေးသာစားချင်လာသည်။ ထို့ကြောင့် ထင်ထင်လေးက ခေါင်းတဆက်ဆက်ငြိမ့်ပြလိုက်သည်။ ဒေါ်ဝင့်ဝါထည်သည် မြေးအနှစ်လေးကို သည်းသည်းတုန်အောင်ချစ်နေပြီး အရာရာအလိုလိုက်သဖြင့် မြေးဖြစ်သူအလိုကျ စားပွဲတွင်ထိုင်ကာ ကိတ်မုန့်လေးအားနည်းနည်းချင်း ခွံကျွေးလိုက်သည်။ သူ့မှာ တစ်ဦးတည်းသော ဒီမြေးမလေးကို ချစ်လွန်း၍ တစ်နေကုန်ထိန်းရမည်ဆိုလျှင်တောင် ပြသာနာမရှိပေ။ ဒါကိုအခွင့်ကောင်းယူကာ ရိပ်ထင်သည်ကလေးအား မိခင်ဆီသို့ပေး၍ သူ့ယောင်္ကျားနားပဲအချိန်ပြည့်ကပ်နေတော့၏။



ေႁခြ (ခြွေ) (Completed) Where stories live. Discover now