ကျေးဇူးတင်လွှာ(ကျေးဇူးတင်လွှာ)

6K 450 28
                                    


ကျနော် ခြွေ ကို 1.11.19 ရက်နေ့မှ စတင် ရေးသားခဲ့ပြီးတော့ 12.8.2020 မှာ အကုန် အပြီးသတ် ပြီးဆုံးသွားပါပြီပေါ့နော်။ ခြွေကို စပြီး ဖန်တီးဖြစ်ခဲ့ပုံလေးကို ကျနော် အရင်ပြောပြပါမယ် ။ sugar daddy ဆိုတဲ့ fic လေးအပြီးမှာ ကျနော့်ရဲ့လိုအပ်ချက်ကို အစ်မတစ်ယောက်က ထောက်ပြပေးခဲ့ပါတယ် ။ ကျနော်က အရှေ့ပိုင်းကောင်းပြီး နောက်ပိုင်းတွေကျတော့ ဇာတ်လမ်းပေါ့သွားတယ်တဲ့။ ကျနော့်ရဲ့ လိုအပ်ချက်ကိုသိသွားတဲ့အချိန်မှာ ကျနော်က ကျနော် လုပ်နိုင်တယ်ဆိုတာ ပြချင်တာကြောင့် ' ခြွေ ' ကို စပြီး စိတ်ကူးပုံဖော်ဖြစ်ခဲ့တယ် ။ အရေးအသားကအစ ကျနော် တကယ် ဂရုစိုက်ပြီး လေ့လာပြီးရေးတယ် ။ ကျနော်က အရင်ကစာဖတ်သိပ်ပျင်းတဲ့လူပါ ဒါပေမယ့် ခြွေရေးဖို့ အတွက် ကျနော် စာအုပ်ဖတ်ရတယ် ။ဒါကြောင့်ပဲ အခု ကျနော် စာဖတ်တဲ့အလေ့အကျင့်ရပြီး စာဖတ်မပျင်းတော့ဘူး။ wp မှာ ကျနော် သဘောကျတဲ့ authorတွေရေးတာကို ကျနော်လေ့လာတယ် မှတ်သားတယ် ပြီးရင် ကျနော့် အတွေးစိတ်ကူး ကျနော့်ဥာဏ်နဲ့ ပေါင်းစပ်ပြီး တစ်ပိုင်းချင်းစီကို ကျနော်ဖန်တီးပါတယ် ။ တစ်ပိုင်းချင်း တစ်လုံးချင်းစီကို ကျနော်သေချာ ဂရုစိုက်ပြီး ရင်နဲ့ထပ်တူခံစားပြီးရေးတဲ့အတွက် ကျနော် ဒီ fic လေးကို အရမ်းတန်ဖိုးထားတယ် ။ ကျနော် တန်ဖိုးထားသလို ကျနော် ခံစားသလို ဇာတ်လမ်းအစကနေ အဆုံးထိ ကျနော်နဲ့ အတူစီးမျောပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ် ။ စိတ်ညစ်တဲ့အချိန် စိတ်ဓာတ်ကျချိန်မှာ ကျနော်အတွက် စာဖတ်သူတို့ရဲ့ com တွေဟာ အားဆေးဖြစ်ခဲ့ပါတယ် ။ ကျနော် ဒီနေ့ ဒီချိန်အထိ နာမည်မကြီးပေမယ့်  bl fiction လောကရဲ့ တစ်ထောင့်တစ်နေရာမှာ ရပ်တည်နိုင်နေတာလည်း စာဖတ်သူတို့ရဲ့ အားပေးမှုကြောင့်ပါပဲ။ ဒါကြောင့် ခြွေ ဖတ်သူမှရယ်လို့မဆိုချင်ပါဘူး ခြွေ ဖတ်တဲ့သူရော ကျနော်ရေးသမျှ တစ်ခဏဝင်ဖတ်တဲ့သူတွေပါ ကျနော် တကယ် ကျေးဇူးအထူးတင်ပါတယ် ။

လိုအပ်ချက်တွေ အများကြီးကို ကျနော် ဖြည့်ရင်းနဲ့ ခြွေ ကို ဖန်တီးခဲ့ပေမယ့် ခြွေမှာလည်း လိုအပ်ချက်တွေ ရှိနေသေးတာမို့ ဖတ်နေရင်း သဘာဝမကျတဲ့ရေးသားမှု ဆွဲဆောင်မှုမရှိတဲ့ အရေးအသားဇာတ်လမ်းမျိုးဖြစ်နေခဲ့ရင် ကျနော့်လိုအပ်ချက်ပါပဲ။ ကျနော် ရှေ့ဆက်ပြီး ပိုကောင်းအောင် ကျနော့်ရဲ့ ဟာကွက် လိုအပ်ချက်တွေကို ဖြည့်ရင်း အကောင်းဆုံးကြိုးစားသွားပါမယ် ။ စာဖတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ။ သာယာပျော်ရွှင်ကျန်းမာရေးကောင်းမွန်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ။ တကယ်လို့များ ခြွေ နဲ့ပတ်သတ်ပြီး ပြောချင်တဲ့စကားလေးများရှိရင် ပြောပေးခဲ့ကြပါ။ အမှတ်တရအနေနဲ့ အမှတ်ရနေခဲ့တာလေးများရှိမလားလို့ပါ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now