part 34(z+u)

18.6K 1.8K 51
                                    


Ring......Ring....Ring.......


စားပွဲပေါ်၌ အဆက်မပြတ်မြည်နေသည့် ဖုန်းသံ.................။

ရေဆက်လက်ကျနေသည့် ဆံပင်များကို ပုဝါဖြင့် သုတ်ကာ ခါးတွင် သဘက်သာပတ်၍ ရေချိုးခန်းမှ ထွက်လာခဲ့သည်။ ကြွက်သားရေးရေးနှင့် ခန္ဓာကိုယ်တစ်ခုလုံး ရေဆိုနေသည့် ယောင်္ကျားပျို၏ အလှမှာ အတော်ပင် ဆွဲဆောင်မှုပြင်းလှသည် ။ ယခုလို ဆွဲဆောင်အားပြင်းလွန်းသည့် ခြွေ့အသွင်ကို ရိပ်ထင်မြင်ပါက......နှာခေါင်းသွေးများသာမက သွားရည်ပါကျနိုင်သည်။

"Hello..."

"ခြွေရာ မောင်ခေါ်နေတာကြာပြီ ဘာလုပ်နေတာလဲ ကြာလိုက်တာ "

ဖုန်းကိုင်လိုက်ချင်းမှာပင် အလောတကြီးဆူဆောင့်ဆောင့်ထွက်လာသည့် ရိပ်ထင် အသံကြောင့် ခြွေပြုံးလိုက်မိသည်။ သူ့ကိုယ်သူ 'မောင်' ဟုသုံးနှုန်းနေသည်မှာ ရိပ်ထင်မတော်ပင် ခံတွင်းတွေ့နေလေပြီ။

" ငါရေချိုးနေလို့ပါ မှိုင်းရယ်..."

" ဒါဆို အခုရေချိုးလို့ပြီးပြီလား "

"အင်း ပြီးပြီ "

" ဘာမှမဝတ်ထားဘူးမလား "

ပီတီတီရိသဲ့သဲ့အသံကြီးကြောင့် ခြွေ ရုတ်တရက် ပူထူသွားသည်။ နားရွက်ဖျားနှင့် မျက်နှာသည် ရဲတက်လာသည်မှာ မျက်နှာချင်းဆိုင်တွင် မြင်နေရသော ကိုယ်လုံးပေါ်မှန်မှတစ်ဆင့် တွေ့လိုက်ရသည်။

" ငြိမ်နေပုံထောက်ရင် မင်း တကယ်ပဲ ကိုယ်လုံးတီးနဲ့ ဖုန်းပြောနေတာပဲ "

"သဘတ်တော့ ခါးမှာ ပတ်ထားပါတယ်ကွ !!"

ရယ်တစ်ဝက်ဖြင့် စနောက်လာတာကြောင့် ခြွေ ချက်ချင်းပင် ပြန်ချေပလိုက်သည်။ လေသံကို မထစ်အောင် ထိန်းထားပေမယ့် တုန်ရီကာထွက်သွားသည့် ရှက်ဝဲဝဲအသံကြောင့် ရိပ်ထင် ရင်မှာကလိကလိဖြစ်သွား၏။

" မောင်နဲ့ညစာတူတူသွားစားရအောင် မောင်လာခေါ်မယ်လေ "

ရိပ်ထင်ဘက်ကချိန်းဆိုမှုကို ခြွေ နာရီတစ်ချက်ကြည့်ကာဖြင့်။

ခြွေ (ခြွေ) (Completed) Hikayelerin yaşadığı yer. Şimdi keşfedin