Extra 2(z+u)

13.5K 1.3K 36
                                    

မြူခိုးများဝေနေသည့် အလင်းရောင်ဖျော့ဖျော့သာရှိသော လမ်းကျဉ်းလေးထဲကို ကျနော် လျှောက်နေသည်။ လျှောက်လမ်းတစ်ခုသာမှိန်ပြပြမြင်နေရပြီး ဘေးပတ်ဝန်းမှာ အမှောင်အတိပိတ်ဖုန်းလို့ ။ ကမ်းမမြင်လမ်းမမြင်ဆိုသည့်ဆိုရိုးအတိုင်း ကျနော် အခုလျှောက်နေသည့် လမ်းသည် ဘယ်ကိုဦးတည်နေလို့ ကျနော်သည်လည်း ဘာလို့ ဆက်လျှောက်နေမှန်းမသိ ။ အေးစက် စွတ်စိုသည့် ခံစားချက်ကြောင့်ကျနော် ခြေထောက်တွေကို ငုံ့ကြည့်လိုက်မိရာ....မြေနီလမ်းကျဉ်းလေးတွင် ကျနော်သည် ခြေဗလာဖြင့် လျှောက်နေမိသည်ပဲ။ တစ်စုံတစ်ခုကညို့ငင်နေသလို အမှောင်အတိ ပိတ်ဖုံးနေသည့် ထို့ လမ်းကျဉ်းလေးထဲမှာ ကျနော် တရွေ့ရွေ့ဆက်လျှောက်နေမိသည်။

" ပါးပါး "

ဟင်...သမီးအသံ..! !ရုတ်တရက် နားထဲ၌ ကြယ်လေး၏ အသံသည် ပဲ့တင်စွာကြားလိုက်ရသောကြောင့် ကျနော့်ကိုယ်ထဲရှိ သွေးကြောများ ထိုးထောင်လာသလို သွေးများလည်း ဆူပွက်လာကာ တစ်ကိုယ်လုံးပူထူသွား၍ ငြိမ်သက်သွားသည့် ခေါ်သံလေးကို ထပ်ကြားရရန် နားစွံ့နေမိသည်။

" ပါးပါး "

" သမီး ကြယ်လေး သမီး!! "

မည်းမှောင်နေသော ပတ်ဝန်းကျင်ကို ကျနော်ဝေ့ပတ်ကြည့်၍ အသံလာရာအရပ်ကို ကျနော် စူးစမ်းကာ သမီးနာမည်ကို အသံကိုအော်ခေါ်မိသည်။မမြင်ရသည့်တစ်နေရာကို စူးစမ်းလျက် လက်ကိုဆန့်တန်းကာ သမီးကို အသဲအသန်ရှာမိ၏။

" ပါးပါး ကြယ်လေး ဒီမှာ! ! "

"သမီး ဘယ်မှာလဲ ပါးပါးလာပြီနော် သမီးမကြောက်နဲ့ ပါးပါးလာခဲ့မယ် "

"ပါးပါး ပါးပါး "

ရှေ့ဆက်လျှောက်လျှင် ခေါ်သံက ပို၍ နီးလေဖြစ်သောကြောင့် ရှေ့တူရူဟာတွင်းနက်ကြီးဖြစ်နေမလား ချောက်ကမ်းပါးတစ်နေရာများဖြစ်နေမလားဆိုတာကို ကျနော်မတွေးတော့ သမီးရှိရာအရပ်ကိုသာမှန်းဆ၍ အားကုန်ပြေးနေမိသည်။ တစ်ကိုယ်လုံးပင် အေးစက်တုန်ရီကာ မျက်ရည်တို့က ပါးပြင်ထက် တသွင်သွင်ကျဆင်းလာသောကြောင့် မျက်ရည်တို့ဖြင့် ဝေဝါးလာသော အမြင်အာရုံကို ကျနော် မမှုတော့ ။ သမီး အသံရှိရာ အရပ်ကိုသာ သည်းကြီးမဲကြီးပြေးနေ၏ ။ တွေ့မှဖြစ်မယ် ကျနော့်သမီးလေးနဲ့ တွေ့မှကိုဖြစ်မယ် ။ လွမ်းနေရတာ ဒီအသံလေးကို လွမ်းနေခဲ့ရတာ ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now