part 37(z+u)

15.9K 1.9K 43
                                    

"မှိုင်း ငါတို့ ဒီနေ့ ဘာချက်စားရင်ကောင်းမလဲ "

ဟင်းသီးဟင်းရွက်တန်းမှ မုန်လာဥနီကိုကိုင်ကာ ဟိုနမ်းဒီနမ်းလုပ်ရင်း ခြွေမေးလိုက်သည်။

" မင်းသဘော "

ပခုံးပေါ်သို့ လက်ပစ်တင်လိုက်ကာ ပူးကပ်လိုက်သည့် ရိပ်ထင်ကြောင့် ခြွေ ခေါင်းစောင်း၍ မျက်ခုံးပင့်ကြည့်လိုက်သည်။ သူဒီနေ့ဘာဖြစ်နေတာလဲ ။

" ဒါဆို မုန်လာဥနီကြော်မယ် ၊ ကြက်သားပြုတ်ဟင်းရယ်ချဉ်စပ်လေးရယ် ၊ သမီးအတွက် ကြက်စွပ်ပြုတ်ချိုချိုလေးလုပ်လိုက်မယ် ၊ သြော်....ကြက်ဥလည်းကုန်နေတာပဲ....မှိုင်း ဟိုဘက်မှာ ငါ့ကိုကြက်ဥတစ်ကဒ်လောက်သွားယူပေး "

ခြွေတစ်ကိုယ်တည်း ရေရွတ်နေရာတွင် ရိပ်ထင်အတွက်ဆိုတာ မပါလေတော့ ရိပ်ထင် အနည်းငယ် နှုတ်ခမ်းဆူချင်သွားသည်။ ခိုင်းစရာရှိရင်တော့ သူ့ကိုအရင်သတိရတတ်တယ် ကျွေးစရာရှိရင်တော့ သမီးဖို့ ၊ သမီးအတွက်နဲ့....။ နှာခေါင်းအသာရှုံ့လိုက်၍ ကြက်ဥယူရန် လှည့်ထွက်သွားလိုက်သည်။ အမျိုးစုံဆူပုတ်နေသည့် ရိပ်ထင်မျက်နှာကို ဟင်းသီးဟင်းရွက်တွေ ဝယ်ရန်ကြည့်နေသည့် ခြွေကတော့ မမြင်။

"ငုံးဥလည်းယူသွားပေးရမယ် "

ခြွေ့ ရေခဲသေတ္တာထဲ၌ ကုန်နေသည်ကို ရိပ်ထင် သတိထားမိ၍ ကြက်ဥတစ်ကဒ်နဲ့ ငုံးဥတွေပါ ယူလာလိုက်သည်။ ခြွေက ငုံးဥကြိုက်တယ်မဟုတ်လား။

" ဟင်!! နင်....နင် မှိုင်းရိပ်ထင်မဟုတ်လား "

ခါးလယ်လောက်ရှိသည့် ပုလဲရောင် ဆံပင်အား လှိုင်းလေးသဖွယ် ကောက်၍ ကျောတွင်ချထားပြီ။ ပြေပြစ်သည့် မိတ်ကပ်နှင့် လှပသော အမျိုးသမီးတစ်ယောက်က ရိပ်ထင် ရှေ့ရပ်၍ မေးလေသည်။ ထိုအမျိုးသမီးအား ရိပ်ထင် မျက်မှောင်ကြုတ်၍ ပြန်ကြည့်လိုက်သည်။ သူမက ဘယ်သူလဲ သူမကို ရိပ်ထင် တစ်ခါမျှမမြင်ဖူးဘူး။ အကြောင်ရိုက်ပြီး လာရောသည်လား။

" သြော်.....နင် ငါ့ကိုမမှတ်မိဘူးထင်တယ် ငါလေ ငါ မင်းဇေယံ ၊ ယံယံလေ "

ထိုစကားကြောင့် ရိပ်ထင် ယေးတေးတေးမှတ်မိဟန်ရှိလာသည်။ ဆယ်တန်းကျောင်းသားဘဝတုန်းက အဆောင်မှာ ခြွေရဲ့အခန်းဖော် ၊ ကနွဲ့တဲ့တဲ့ကောင်လေးက အခုဘယ်လိုဖြစ်လို့ သူ့ရှေ့မှာ မိန်းမတစ်ယောက်အသွင်နဲ့ ရပ်နေရတာလဲ ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now