Final (z+u)

25K 1.7K 79
                                    

ကလောပြည်ရဲ့ ဟေမာန်နှင့်အပြိုင် အခန်းတွင်းမှ လူနှစ်ယောက်သည် ချွေးစက်များဖြင့် တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာထွေးဖက်ထားလျက် ရမ္မက်ခရီးတစ်ခုကို အပြင်းနှင်းလျက်ရှိသည်။ ရိပ်ထင်သည် မျက်ဝန်း၌ မျက်ရည်စတို့ ဝေ့သီလျက်ရှိသည့် နီဆွေးနေသော ချစ်သူမျက်နှာကိုကြည့်ကာ ကျေနပ်မှုတို့က ရင်တွင်းလှိုက်ဖိုကာ သူ၏ လှုပ်ရှားမှုတို့သည်လည်းမြန်ဆန်၍လာလေသည်။ ထို့နောက် ခြွေ့ရဲ့အထိမခံနိုင်သည့်နေရာလေးအား ရုတ်တရက်ကိုင်ကာ ချော့မြူလိုက်တော့ မိမိကိုကြည့်နေသည့် မျက်ဝန်းလေးများသည့် မှေးမှိတ်သွားပြီး ခေါင်းမော့ကာ ညည်းညူလိုက်သည့် ခြွေ့ရဲ့ ညို့အားဟာ တကယ်ရူးလောက်ပါသည်။

"ဟာ့ မောင်"

" ကျစ် ခြွေ မင်းးးး "

ရိပ်ထင်ရဲ့ မပြီးဆုံးချင်သေးသည့် ဆန္ဒတို့သည် ခြွေ၏ နှုတ်ခမ်းဖျားမှ အားယူ၍ ခပ်တိုးတိုးညည်းဆိုလိုက်သော မောင် ဟူသည့် နာမ်စားမှာ ရိပ်ထင် ကျရှုံးသွားရသည်။ သူ့အား ထိန်းချုပ်မှု မဲ့သွားအောင် ပြုစားနိုင်သည့် ကောင်လေးကို ရိပ်ထင် အားမလိုအားမရဖြင့် ငုံကာ ဖိကိုက်ထားသည့် နှုတ်ခမ်းဖူးတို့ကို အလောကြီးစွာ နမ်းရှိုက်မိ၏။ မက်မက်မောမောပင် ကျရောက်လာသည့် ရိပ်ထင် နှုတ်ခမ်းတွေက ခြွေ့အတွက် စမ်းရေကြည်တစ်ပေါက်။ ထပ်တူကျနေသော အနမ်းတို့ရဲ့ တေးသံဟာ အခန်းလေးအတွက် ရှက်ရွံ့စွာ ထွက်ပေါ်လျက်ရှိသည်။ နမ်းနေရင်း တစ်ဖန်ပြန်နှိုးကြွလာသော စိတ်တို့ကြောင့် ရိပ်ထင်ဟာ ခြွေ့အား ဆွဲမှောက်လိုက်လေသည်။ ခပ်သွယ်သွယ် ခါးလေးကိုဆွဲပင့်လိုက်တော့ သူအသဲယားရပါသော မက်မွန်သီးလုံးလုံးလေးက အလိုက်သင့် လုံးထွက်လာ၍ တစ်ဖက်တစ်ချက်၍ သူ၏ လက်ဝါးရာတို့က နီနီရဲရဲ။

" မောင် ငါပင်ပန်းနေပြီ"

ခပ်လေးလေးထွက်လာသည့် ခြွေ့အသံက တကယ့်ပိုမောပန်းပင်ပန်းနေပုံပါ။ သို့ပေမယ့် ရိပ်ထင် မရပ်ချင်သေးဘူး။

" အင်း ဒါပြီးရင် "

ထိုစကားက လွန်ခဲ့သော ၂နာရီလောက်က ရိပ်ထင်ဆိုခဲ့သည့်စကား။ ခြွေဟာ အပိုစကားထပ်မပြောချင်တော့ဘူး ရှိစေတော့ပေါ့ ။ တကယ်၍များ ဒါပြီးရင်ကို နောက်တစ်ခေါက်ထပ်ဆိုလာသည်ရှိသော်.....ရိပ်ထင်ရဲ့ အသက်ကို ခြွေ လိမ်ချိုးရန် တွေးထားပြီးသား။

ခြွေ (ခြွေ) (Completed) Where stories live. Discover now