part 3(Z+U)

28.1K 3.3K 125
                                    

ကလေးလေး အိမ်ကိုရောက်နေသည်မှာ ရက်သက္တပတ်ပင်ရှိပြီ။ အခုချိန်ထိ ရဲစခန်းကလည်း အကြောင်းမလာသလို ကလေးကို ရှာနေခြင်းမျိုးတွေလည်း မရှိ။ ကလေးရဲ့နာမည် အသက်ကအစ မေးလို့မရလို ဒီကလေးကိုယ်တိုင်လည်း မသိ ။ ကလေးလေးသည် ရောက်ခါစလို ပေတိပေစုတ် ညစ်ပတ်နေသော ပုံစံလေးမဟုတ်တော့ စံပယ်၏ သဲသဲလှုပ်မှုနှင့် ဂရုစိုက်မှုတို့ကြောင့် ဒဏ်ရာလေးတွေပျောက်ကင်းကာ ဖြူဖြူသန့်သန့်လေးဖြစ်နေသည်။ ဆံပင်ပျော့ပျော့လေးများက လည်ဂုတ်ထိရောက်အောင် ရှည်နေတာကြောင့် ညှပ်တိပေးကာ အခုတော့ စစ်သားကေလေးနှင့် ဖြစ်နေပြီ။ ခပ်ဝိုင်းဝိုင်းမျက်နှာလေးသည်ရောက်ခါစနှင့်မတူဘဲ ပါးနှစ်ဖက်က အနည်းငယ်ပြည့်လာသည်။ ဝိုင်းစက်ပြီး အရည်လဲ့လဲ့ မျက်လုံးလေးများက ဖန်ဂေါ်လီများ အလား ။ အပေါ်နှုတ်ခမ်းပါးပါးနှင့် အောက် နှုတ်ခန်းထူထူလေးက လည်း ဖူးဖူးလေးပင်။ နှာခေါင်း လုံးလုံးလေးကတော့ ရိပ်ထင်လေး၏ မထင်ရင် မထင်သလို ဖြစ်ညှစ်နေကြအရာလေးပင်ဖြစ်သည်။ ကလေးလေးသည် အရယ်အပြုံးနည်းပြီး စကားသိပ်မပြော။ မေးရင် ခေါင်းငြိမ့်ခေါင်းခါ ဖြေတတ်သလို။ တစ်ခုခုတောင်းဆိုလိုလျှင်လည်း မပွင့်တပွင့်နှင့် တခွန်းစနှစ်ခွန်းစသာ ပြောတတ်သည်။ အမြဲတမ်း လမ်းလျှောက်ရင် ခေါင်းလေးငုံ့ကာ အောက်ကိုသာ ကြည့်လျှောက်တတ်သည်။ ချစ်စဖွယ် မျက်နှာလေးမှာ အားငယ်ညိုးနွမ်းနေသည့် အသွင်ပေါ်သည်။ ရိပ်ထက်မျောက်လေးကတော့ သာလိကာ နှင့် ကြက်တူရွေးပေါင်းစပ်ထားသည့်အလား စကားကို တတွတ်တွတ်ပြောသလို လူကြီးတွေ သဘောကျအောင်လည်း ပြောတတ်သည်။ အလွန် အဆော့သန်သူဖြစ်သလို အစားလည်း မက်သည်။ ကလေးလေးကတော့ ရိပ်ထင်လေးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

အဖော်မက်အဆော့သန်သော ရိပ်ထင်လေးအဖို့ ထိုကလေးလေးရောက်လာသည်ကို အူမြူးနေသည်။တစ်နေ့တစ်မျိုး မရိုးရသော ဆော့သည်။ မပွင့်တပွင့် မလှုပ်တလှုပ် ကလေးလေးကိုကြည့်ကာ သူ အားမလိုအားမရဖြစ်လာရင် နှာခေါင်းလုံးလုံးလေးကိုဆွဲဆွဲညှစ်တတ်သေးသည် ။ ထိုအခါ ကလေးလေးသည် အောင်နှုတ်ခမ်းကိုဖိကိုက်၍ မျက်ရည်လေးဝှိုင်းသွားတတ်ပေမဲ့လည်း နာတယ် မလှုပ်နဲ့ဟု တစ်ချက်မပြော ။ ကြိတ်ခံနေသည်။ ဤသည်ကိုကြည့်ကာ ရိပ်ထင်လေး အသဲတယားယားပင် ဖြစ်၍ ပိုဆွဲမိသည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now