part 28(Z+U)

21.4K 2.3K 104
                                    

ွအိပ်စက်ခြင်းမှ နိုးထလာသည်နှင့် ပထမဆုံး မြင်လိုက်ရသည်က အဖြူရောင် မျက်နှာကျက်။ တစ်စုံတစ်ခုကိုသတိရ၍ ဘေးဘက်သို့ စောင်းငဲ့ကြည့်တော့ လစ်ဟာနေသည့် အိပ်ယာပြင်။ လင်းနေပြီဖြစ်တာကြောင့် ထထိုင်ကာ အခန်းပတ်လည်သို့ ကြည့်မိသည်။ ရိုးရိုးရှင်းရှင်းပါပဲ ၊ စားပွဲခုံသေးတစ်ခုနှင့် ဆိုဖာရယ် နံရံကပ်ဗီဒိုကြီးရယ် နံရံပေါ်ရှိ နာရီအနက်ရောင်တစ်လုံးရယ် နာရီဘေးမှ ဓာတ်ပုံတစ်ပုံရယ်.......... ။  

ဓာတ်ပုံထဲမှ လူမှာ သေချာပေါက် ခြွေဖြစ်နေသော်လည်း သူတစ်ယောက်တည်းမဟုတ် ဘေးမှ အမျိုးသမီးတစ်ယောက်ရယ် ခြွေ့လက်ပေါ်မှ အနှီးထုတ်ရွယ် ကလေးငယ်ရယ်ကြောင့် ရိပ်ထင် ကုတင်ပေါ်မှ ထ၍ ထိုဓာတ်ပုံအား မော့ကြည့်နေမိသည်။ လက်မောင်းငယ်ကိုချိတ်တွယ်ထားသော ထိုအမျိုးသမီး၏ လက်များနှင့် ခပ်ချောချောအသွင်ရှိသည့် ထို အမျိုးသမီးသည် ခြွေ့ထက် အသက်ကြီးဟန်ရှိသည်ကို သူမ၏ အနည်းငယ် ရင့်နေသည့် ရုပ်ရည်ကသက်သေပြနေ၏ ။ ဓာတ်ပုံထဲ၌ ရယ်မောနေသော ခြွေ့၏ အပြုံးများသည် လက်ဆက်တောက်ပလျက် ၊ ရယ်ပြုံးနေသည့် ထိုအမျိုးသမီးမှာလည်း ခြွေ့အပြုံးများနှင့်နည်းတူ ၊ ခြွေ့ရင်ခွင်ထဲပိုက်ထားသည့် အနှီးထုတ်အရွယ် ကလေးပိစိကိုကြည့်ရင်း ရိပ်ထင် ဝန်တိုစိတ်က တဖြည်းဖြည်းမြင့်တက်လာသည်။  

"ဟွန်းးး သူက မိန်းမနဲ့ ကလေးတောင် ရနေပြီပဲ "   

**ဂျလောက်!!!** 

  " သြော်....မင်းနိုးနေပြီပဲ "

တံခါးဖွင့်သံနှင့်အတူ နူးညံ့သော အပြုံးတို့ပါ အတူရောယှက်၍ သယ်ဆောင်လာသောသူ။ 

" ရေချိုးခန်းထဲမှာ သွားပွတ်တံနဲ့ ပဝါ ထားပေးထားတယ် သွားပွတ်တံကအသစ်နော် တကယ်လို့ မင်းရေချိုးချင်ရင် ပြောလေ ငါင်္အကျီ ထုတ်ပေးမယ် "  

ပြောလည်းပြောလက်ကလည်း ကျနော် အိပ်ထားခဲ့သည့် စောင်ကို ခေါက်သိမ်းနေသည် ။ မျက်လုံးကတော့ ကျနော့်ဘက်မှာမရှိ။   ကြက်သွေးရောင် င်္အကျီလက်ရှည်နှင့် အနက်ရောင်ဘောင်းဘီရှည်ကိုတွဲဖက်ဝတ်ဆင်ထားသော သူက အလွန်ပင် စတိုင်လ်ကျလွန်းနေသည်။ ဖြူနုနေသော လည်တိုင်ကျော့ကျော့နှင့် မြစိမ်းရောင် အကြောများပေါ်နေသည့် လက်တို့သည် နို့နှစ်ရောင်ရှိသော သူ့အသားရောင်ပေါ်တွင် ကြက်သွေးရောင် င်္အကျီနှင့် လွန်စွာလိုက်ဖက်လွန်းလှ၏ ။ ဘေးတိုက်မြင်နေရသည့် မေးရိုး ၊ ခပ်ရေးရေးလေးပေါ်နေသည့် လည်တိုင်မှ အာဒင်ရဲ့ပန်းသီးလေး ၊ မျက်မှန်ဝိုင်းဝိုင်းအစားထိုး အညိုရောင် မျက်ကပ်မှန်လေးနှင့် ခပ်ရှည်ရှည်မျက်တောင်များ နှာခေါင်းလုံးလုံးတို့က အရင်လို ဆွဲလို့ကောင်းနေအုံးမလား ၊ အဆီတစ်မျိုး လိမ်းထားဟန်ရှိသည့် ပြောင်ပြောင်လေးဖြစ်နေသည့် နှုတ်ခမ်းရဲရဲတို့သည် ငေးကြည့်နေမိသူ ရိပ်ထင်ရဲ့ရင်ကို ထိန်းမရအောင် ခုန်စေ၏ ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now