part 22(Z+U)

19.7K 2.2K 99
                                    

" ရော့ ရေသောက်လိုက်အုံး "

ဆိုဖာလက်ရန်းအား ကျောမှီ၍ ခေါင်းကိုမော့ထားကာ မျက်လုံးများမှိတ်ထားသည့် ရိပ်ထင်ကိုကြည့်ရင်း ခြွေ့စိတ်များလေးနေမိသည်။

" ဘာဖြစ်လာတာလဲ ငါ့ကိုပြောပါအုံး "

ခြွေချပေးသည့် ရေခွက်အားယူသောက်လိုက်ပေမယ့် ရိပ်ထင်သည် ခြွေ့အား ဘာမှပြန်မပြောပေ။ ကျွန်းရောင် ကြမ်းခင်းကိုသာ ငုံ့ကြည့်၍ ငြိမ်သက်နေသည်။

" ဘာဖြစ်လို့လဲ ဟင် မေမေကြီးဆူလိုက်လို့လား မင်းရည်းစားထားတာမိသွားလို့လား "

ခြွေသည် ရိပ်ထင်မျက်နှာအား စိုးရိမ်မကင်းကြည့်၍ မေးသည်။ .

" မဟုတ်ပါဘူး ငါ လွှာနဲ့ပြတ်သွားတာ မင်းလည်းသိတာပဲ "

"အာ...ဟုတ်သား ဒါဆို ဘာလို့လဲ "

ဟုတ်ပါသည်...။ ရိပ်ထင်နှင့် ပန်းဝတ်လွှာသည် ပြတ်စဲသွားခဲ့ပါပြီ။တစ်စတစ်စ ဇာတိအမှန်ပေါ်လာ၍ စရိုက်ကျလာသော သူမ၏ ပုံစံကို ရိပ်ထင်လက်မခံနိုင်တော့၍ ဖြတ်ခဲ့သည်။ ခြွေဘက်ကလည်း ရိပ်ထင်အပေါ် အမျိုးမျိုး ကောင်းပြ ချစ်ပြနေတော့ ရိပ်ထင်၏ စိတ်များလည်း ခြွေ့အပေါ်သို့ ယိုင်လာခဲ့သည်။

" ဒီလိုပါပဲ မေမေနဲ့ နည်းနည်းစကားများလာတာ ဘာမှမဖြစ်ဘူး "

စိတ်ပူနေသည့် မျက်နှာလေးအား မကြည့်ချင်၍ ရိပ်ထင် မျက်နှာလွှဲကာ ကျန်ရှိနေသည့် ရေအားမော့သောက်လိုက်သည် ။ မျက်ဝန်းထောင့်စွန်းမှမြင်ရသည့် ခြွေ့၏ မယုံသလိုအကြည့်များကို ရိပ်ထင် လျစ်လျူရှုလိုက်သည်။

// တောင်းပန်ပါတယ် အခုချိန်မှာ ငါမင်းကိုမသိစေချင်ဘူး //

" ငါအိပ်ချင်နေပြီ "

ခြွေ့ပေါင်တစ်ဖက်ကိုဆွဲကာ ခေါင်းအုံးလိုက်သည့် ရိပ်ထင်၏ မျက်နှာကို ခြွေ ခေါင်းငုံ့ကာ ကြည့်နေသည်။ မျက်လုံးမှိတ်ထားခဲ့ပေမယ့် ထိုမျက်လုံးများထဲတွင် သူမသိသေးသည့် အကြောင်းတစ်ခုခုဖုံးကွယ်ထားသည်ကို ခြွေစိတ်ထဲမှအလိုလိုသိနေသည်။ မဖြေချင်သည့် စကားကို ခြွေထပ်မမေးတော့..... နှဖူးပေါ်သို့ ကျနေသည့် ရိပ်ထင်၏ ဆံပင်များကို ညင်သာစွာ ကိုင်တွယ်လိုက်သည်။ ချစ်ရသူ၏ ဆံပင်များကို ကိုင်နေရင်း ရုတ်တရက် ပွင့်လာသည့် မျက်လုံးများကြောင့် ခြွေ့လက်များ ရပ်တန့်သွားသည်။ ရိပ်ထင် သူ့ကိုကြည့်နေသည်....စူးစိုက်၍ လေးနက်စွာကြည့်နေသည်..... ညို့ငြင်နေသော မျက်လုံးများကို ခြွေ အကြည့်မလွှဲနိုင်ပါ...။ လေးကိုင်းသဏ္ဍာန်သေသပ်၍ ဆွဲဆောင်မှုရှိလှသော နှုတ်ခမ်းတစ်စုံကိုလည်း ခြွေ ကြည့်မိသေး၏။ ရိပ်ထင်ဟာ သိပ်ကိုချောလွန်းသည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now