part 32(z+u)

19.2K 2.1K 47
                                    

အိပ်နေရင်း ပခုံးပေါ်သို့ ကျရောက်လာသည့် ပူနွေးနွေးကိုယ်ငွေ့နှင့် ရင်းနှီးပြီးဖြစ်သည့် ကိုယ်သင်းနံ့ကြောင့် ခြွေ မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ကုတင်၌ တင်မလွှဲထိုင်ကာ ပလက်လှဲအိပ်နေသည့် သူ၏ ပခုံးပြင်၌ ခေါင်းမှီကာ ငြိမ်နေသည့် ရိပ်ထင်.....။

" ဟင်.... မှိုင်း ဘာဖြစ်လို့လဲ "

အသံမထွက်ဘဲ ငြိမ်ကာ ပခုံးပေါ်ကျလာသည့် စိုစွတ်မှုကြောင့် ခြွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ လှဲနေရာမှ ထထိုင်လိုက်သည်။ မီးရောင်ပြပြတွင် မြင်နေရသည့် မျက်နှာသည် ခေါင်းငုံ့ကာ သူ၏လက်အား အေးစက်နေသော လက်တစ်စုံဖြင့် တင်းတင်းကျပ်ကျပ်စုတ်ကိုင်ထားသည်မို့ ခြွေ စိတ်တွေ ပူပင်သွားရပြန်သည်။

"ဘာဖြစ်လို့လဲ ဟင် "

ငုံ့ထားသည့် မျက်နှာရှိ ပါးပြင်သို့ ကျန်လက်တစ်ဖက်ဖြင့် အသာယာထိကပ်မိတော့ အမှန်တကယ်ပင် ငိုနေတာပင်။ခေါင်းငုံ့ကာ အသံတိတ် မျက်ရည်ကျနေသည့် ရိပ်ထင်ကို ကြည့်ကာ ခြွေရင်တွေပူလောင်လာသည်။ ဘေး၌ အိပ်နေသည့် သမီး နိုးသွားမည် ဆိုးသဖြင့် ခြွေ ကုတင်ပေါ်မှ ဆင်းကာ ရိပ်ထင်အား လက်ဆွဲ၍ အခန်းပြင်သို့ ထွက်လာခဲ့၏။ အခန်းပြင်ရောက်သော်.......ဧည့်ခန်းရှိဆိုဖာတွင် ထိုင်ကာ ငြိမ်နေသည့် ရိပ်ထင်အား ချော့မော့မေးပါသည်။

" ဘာလို့ ငိုနေတာလဲ မှိုင်းရယ် ဟင် ဘာလို့လဲ အိမ်မက်ဆိုးတွေမက်လို့လား "

" အိမ်မက်ဆိုးဆိုလည်း ကောင်းသားကွာ...."

အက်ကွဲသည့် အသံဖြင့် ဝမ်းနည်းစွာပြောလာသည့် ရိပ်ထင်စကားကို ခြွေ ငြိမ်၍ နားထောင်ကာ ရှေ့ဆက်ပြောလာမည့် အကြောင်းအရာများကို နားဆွံ့နေမိသည်။

" ဖေ..ဖေ ဆုံး...ပြီ...တဲ့ "

အတန်ကြာငြိမ်နေပြီးမှ အားယူပြောသည့် စကားသည် ဝမ်းနည်းစရာပင်ဖြစ်သည်။ နှစ်သိမ့်ပေးရန် စကားရှာပေမယ့် ခြွေ ဘာပြောရမှန်းမသိ။ သူ့အလှည့် တုန်းက သူ၏ ချစ်ရသူများ လူ့ဘဝကထွက်ခွာသွားချိန်တွင် သူ့မှာ အားတင်း အံကြိတ်၍ မျက်ရည်ကျမိရုံမှအပ ခြွေ ဘာမျှမတတ်နိုင်။ တစ်စုံတစ်ဦး၏ ရင်ခွင်၌ တိုးဝေ့၏ ငိုခြင်းချရန်လည်း သူ့မှာ ရင်မဲ့နေခဲ့တာ....။ အခန်းထဲ အမှောက်ချ၍ အိပ်ယာပေါ်၌ ဒူးကိုပိုက်ကာ ခေါင်းမှောက် ငိုခဲ့ရသည်မဟုတ်လား။ ကူရာမဲ့ဘဝမရောက်ဖို့ စိတ်ဓာတ်မကျဖို့ မပြိုလဲဖို့အတွက် ငါ့အတွက် ငါရှိတယ် ဆိုတဲ့ အသိနဲ့ ဦးထွန်းသိုက်ကို ထောင်ထဲထည့်ရအုံးမည်ဆိုသည့် အသိတို့ဖြင့် ယခုအချိန်ထိ သူတစ်ဦးတည်း ရပ်တည်နိုင်ခဲ့တာ.....တစ်ဖက်မှာလည်း ကြယ်လေးကို စောင့်ရှောက်ရမယ်ဆိုတဲ့ အသိကလည်း ဖြည့်စွပ်နေနေသည်ပေါ့။

ခြွေ (ခြွေ) (Completed) Where stories live. Discover now