special extra 1

3K 201 0
                                    





ဟိုတယ်အခန်းလေးထဲ၌ အဖြူရောင်အနောက်တိုင်းဝတ်စုံလေးအားဝတ်ဆင်ထားသည့် လူငယ်လေးသည် ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်ကာ မျက်နှာတွင်လည်းစိတ်လှုပ်ရှားမှုများနှင့် အပြုံးလေးတစ်ခုချိတ်ဆွဲထားသည်။ သူ၏အင်္ကျီရင်ဘတ်ပေါ်၌ တွယ်ချိတ်ထားသည့် အလှပန်းခက်လေးများသည် အနည်းငယ်စောင်းနေသောကြောင့် ပြန်လည်တည့်မတ်လိုက်ကာ ပုံသွင်းထားသည့် ဆံနွယ်ပျော့ပျော့လေးများကိုလည်း မထိတထိလေးကိုင်ကြည့်လိုက်သည်။ ထို့နောက်တွင် မှန်မျက်နှာပြင်ပေါ်၌ထင်ဟပ်နေသည့် သူ၏မျက်နှာလေးသည် ဖြူစင်သန့်ရှင်းကာ ကြည်နူးရိပ်သန်းနေသည့် အပြုံးလေးကြောင့် မျက်ဝန်းရောနှုတ်ခမ်းထောင့်ပါကွေးကွေးလေးတွန့်ချိုးနေသည်။



ထိုအချိန်တွင် အခန်းတံခါးပွင့်လာကာ အထဲသို့ဝင်လာသည့် ခြွေ့အား ဝသာန်လှည့်၍ကြည့်လိုက်သည်။

" ဝသာန် အင်္ကျီကအဆင်ပြေရဲ့လား "


ခြွေက အဖြူရောင်အနောက်တိုင်းဝတ်စုံလေးဝတ်ထားသည့် ဝသာန့်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အနားသို့လျှောက်လာသည်။ သူက အဖြူရောင်ဝတ်စုံလေးနှင့်လိုက်ဖက်နေသည့် ညီငယ်လေးကိုမြင်တော့ မျက်နှာပေါ်မှအပြုံးတို့ကို ဖုံးကွယ်မထားနိုင်တော့ပေ။



" ဟုတ် ပြေတယ်ကိုကြီး "

" သတိုးသားလေးကသိပ်ချောနေတာ မျက်စိတောင်ကျိန်းတယ်ကွာ "


ခြွေက ဝသာန့်အားစနောက်လျက် ​အပေါ်ဆုံးအင်္ကျီကြယ်သီးအား တပ်ပေးလိုက်သည်။ ထိုအခါ ဝသာန်က မျက်နှာလေးရဲသွားပြီး ခေါင်းလေးငုံ့သွားသည်။ ဒီနေ့သည် ဝသာန်နှင့် မင်းခန့်ချောတို့၏ မင်္ဂလာပွဲဖြစ်၏။ ပင်လယ်ကမ်းခြေ၌ ကျင်းပသည့် မင်္ဂလာပွဲလေးက ရင်းနှီးသောလူများသာ ဖိတ်ကြားထားသော်လည်း ထိုရင်းနှီးသည့်လူများမှာ များပြားလှသည်။ နှစ်ဖက်သောအသိုင်းအဝိုင်းများက စီးပွားဖက် ၊မိတ်ဖက်များ ပေါလွန်းသဖြင့် ဝသာန်နှင့်မင်းခန့်ချောတို့၏ မင်္ဂလာဧည်ခံပွဲလေးသည် ​စည်ကားလျက်ရှိသည်။

ေႁခြ (ခြွေ) (Completed) Where stories live. Discover now