part 4(Z+U)

27.6K 3.1K 56
                                    

" ကျွန်မတော့ ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်ဘူး ကျွန်မသားလေး မျက်နှာကိုကြည့်ပါအုံး ကျောင်းအုပ်ကြီးရယ် နှစ်ယောက်တစ်ယောက် ခံလာရတာ သူတို့ကို ပြင်းပြင်းထန်ထန်အရေးယူပေးပါ ကျောင်းအုပ်ကြီး ကလေးငယ်တစ်ယောက်ကို အခုလို ဝိုင်း အနိုင်ကျင့်တယ်ဆိုတာ မိဘက ဘယ်လိုဆုံးမထားလဲမှမသိတာ ကျွန်မသား ခေါင်းကို အဲ့ ကလေးနှစ်ကောင်က ဝိုင်းရိုက်ကြတာတဲ့ ကျွန်မ လုံးဝမကျေနပ်ဘူး "

တစ်ဖက်ခုံမှာ ထိုင်နေသော မိန်းမကြီးသည် သူမ၏ သားကို ဖက်ကာ ဒေါသဖုံးသော မျက်နှာနှင့် ကျောင်းအုပ်အား ပြောနေသည်။
မျက်နှာချင်းဆိုင်၌  အနီရဲရဲပါတိပ် ဝမ်းဆက်ကိုဝတ်ဆင်ထားကာ ရိုးရှင်းသော မြန်မာ ဝတ်စုံနှင့် ကျောလယ်လောက်ရှိသော ဆံနွယ် ရှည်ကို ချထားပြီး ရဲစိုနေသော နှုတ်ခမ်းနီနဲ့ လိုက်ဖက်စွာ မျက်နှာထားကို တည်တန့်ထားသော ဒေါ်ဝင့်ဝါထည်။ နာမည်ကြီး brandလက်ကိုင်အိတ်ကို ဘေးချကာ ဒေါသများဖြင့် ပြောနေသည့် ရှေ့က မိန်းမကို တည့်တည့်သာ ပြန်ကြည့်နေသည်။ ရိပ်ထင်နှင့် ခြွေ ကတော့ ဒေါ်ဝင့်ဝါထည် ၏ ကျောဘက်တွင် ရပ်ကာ ခေါင်း ငုံ့ထားသည်။

" အမ ပြောလို့ ပြီးပြီလား "

ဒေါ်ဝင့်ဝါထည်သည် တစ်ဖက်မိန်းမအား ခပ်တည်တည်ဖြင့် ကြည့်ကာ အေးစက်သော လေသံနှင့်မေးလိုက်သည်။ ထိုအခါ တစ်ဖက်က မိန်းမလည်း မျက်နှာကို ချီလျက် မေးဆက်ပြသည်။

" ဟုတ်ပြီ အမ ပြောလို့ ပြီးရင် ကျွန်မပြောပြမယ်  အခု ကလေးချင်းဖြစ်တဲ့ ပြသာနာက အမ သားက အရင်စတာလို့ ကျွန်မကြားထားတယ်  အမသားက ကျွန်မ သားငယ်ကို အအကောင်လို့ ပြောပြီး ခေါင်းကို ကွန်ပါဘူးတဲ့ အရင်ရိုက်တာတဲ့ ဒါကို ကျွန်မသားအကြီးကို သူ့ညီကို ရိုက်လို့ ပြန်ရိုက်ပဲ ဒါရှင်းရှင်းလေး မိဘကဘယ်လိုဆုံးမထားလဲလို့ ပြောရအောင် ကျွန်မက ကျွန်မ သားနှစ်ယောက်လုံးကို စိတ်ရောကိုယ်ပါ ယဉ်ကျေးလိမ္မာအောင် သွန်သင်ဆုံးမထားတယ် အခုပြသာနာက အမသား ပါးစပ်က ရိုင်းလို့ ကျွန်မ သားတွေကို ပြန်တုန့်ပြန်လိုက်တာပဲ ကြားဖူးမှာပေါ့ အမိယုတ်တော့ နှုတ်ကြမ်းတယ်ဆိုတာ ဟွန့် လက်အုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ ကျွန်မကတော့ ကျွန်မသားငယ်ကို စော်စော်ကားကားပြောတဲ့ အတွက် ဘယ်နည်းနဲ့မှ မတောင်းပန်နိုင်ဘူး ဆေးဖိုးကို လိုသလောက်ပြော ကျွန်မပေးမယ် "

ခြွေ (ခြွေ) (Completed) On viuen les histories. Descobreix ara