part 26(Z+U)

20.5K 2.3K 126
                                    

#စာလုံးပေါင်းမစစ်ထားပါ

" မင်းနာမည် "

" ဝ..ဝ..သာန် ပါ အကို Rain လို့လဲခေါ်ကြပါတယ် "

လူကိုစူးစိုက်ကြည့်ရင်း အေးစက်စက်မေးခွန်းကြောင့် ဝသာန်မဝံ့မရဲဖြင့် ခေါင်းငုံ့ကာ ဖြေမိသည်။

" ဟုတ်ပြီ ဝသာန် ငါအခု မင်းကိုပိုက်ဆံပေးပြီး ပြန်ဝယ်ခဲ့တာမြင်တယ်မလား "

ကျွန်းခုံတွင် ခြေချိတ်ထိုင်ကာ ဟန်ပါပါမေးသည့် ခြွေ့ကို ဝသာန်သည် မော့မကြည့်ရဲ ခေါင်းတဆက်ဆက် ငြိမ့်ပြသည်။

" ဘယ်အရာမှ အလကားမရဘူးဆိုတာ မင်းသိထားရမယ် မင်း ဘယ်နှစ်တန်းလောက် ပညာသင်ဖူးလဲ "

" ကျနော်က ၄တန်းနဲ့ကျောင်းထွက်ခဲ့ရတာပါ "

" ဟုတ်ပြီ ဒါဆို ငါမင်းကို ပညာသင်ပေးမယ် ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင်လည်း သင်ပေးမယ် ကိုယ်ခံပညာကောင်းကောင်းလည်း သင်ပေးမယ် ဒါတွေကို မင်းဘက်က အစွမ်းကုန် တတ်မြောက်နိုင်အောင် ကြိုးစားရမယ် မင်း လုပ်ရမှာကတစ်ခုတည်း အခုချိန်ကစပြီး မင်း ငါ့ရဲ့ လူယုံလုပ်ရမယ် ငါခိုင်းတာလုပ်ရမယ် ငါ့ကိုစောင့်ရှောက်ရမယ် ငါနဲ့နေရမယ် မင်းဘဝကို ငါပျိုးထောင်ပေးမယ် တကယ်လို့ မင်းက အတောင်အလက်စုံလို့ ငါ့ကို စုံကန့ပြီး ထွက်ပြေးမယ်ဆိုရင်တော့ မင်းအတောက်အလက်တွေကို ငါကိုယ်တိုင် ရိုက်ချိုးပြီး ဘဝဆုံးပေးမယ် ဘယ်လိုလဲ မင်းလုပ်နိုင်လား "

" ဟုတ်...ဟုတ်ကဲ့ ကျနော် လုပ်နိုင်ပါမယ် အကို ကျနော့်ဘဝကို ကယ်ပေးခဲ့တဲ့ အကိုက ကျနော့်ရဲ့ ကျေးဇူးရှင်ပါ ကျနော် အကို့နားမှာအမြဲခစားပါ့မယ်  "

" အဟွန်း မင်းစကားမင်းတည်ပါစေ ငါ့နာမည် ခြွေရံမင်း "

" ဟုတ်...ဟုတ်ကဲ့ မှတ်ထားပါ့မယ် "

အတိတ်အကြောင်းများ ပြန်တွေးရင်း ဝသာန် စိတ်မောစွာ သက်ပြင်းချလိုက်သည် ။ လက်ထဲမှာ ကိုင်ထားသည့် ဖိနပ်တစ်စုံကို ယူ၍ ဖိနပ်စင်၌ တရိုတသေ ပြန်ထားလိုက်၏ ။ ထို့နောက် သောက်လက်စရေခွက်အား မီးဖိုခန်းသို့ ပြန်ထားရန် ထွက်လာခဲ့သည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now