part 51(z+u)

16.4K 1.4K 23
                                    

Part 51

#အရင်ဆုံးပြောချင်တာက ကျနော် အရမ်းကြာသွားတဲ့အတွက် တောင်းပန်ပါတယ် ။ ဇာတ်သိမ်းနားနီးလေ အာရုံစိုက်လို့မရလေ ဖြစ်နေလို့ ကျနော် ဒီအပိုင်းတောင် လေးရက်ယူပြီးရေးနေရပါတယ် ။ တစ်ခုပြောချင်တာက နောက်တစ်ပိုင်းကျရင် ဇာတ်သိမ်းပါပြီနော် #

.....................

လည်ကတုံး င်္အကျီ အပြာနုလေးနဲ့ ပိုးပုဆိုးအပြာရင့်လေးကိုတွဲဝတ်ထားသည့် ခြွေ့ကို ရိပ်ထင် ပြုံးလျက် ငေးကြည့်နေသည်။ အနက်ရောင်း ကတ္တီပါဖိနပ်လေးမှာ ခြေချောင်းဖြူဖြူလေးတွေ ထင်းနေအောင် ပံ့ပိုးထား၏။ ခပ်တိုးတိုး ဆံပင်လေးကို ခေါင်းလိမ်းဆီဖြင့် သပ်ရပ်အောင် သိမ်းတင်းတင်ထားပြီး ဘယ်ဘက်နားရှိ စိန်နားကပ်လေးက နေရောင်အောက်တွင် တစ်ဖျက်ဖျက်လဲ့နေသည်။ အကြောစိမ်းများထင်းနေသည့် လက်ချောင်းသွယ်သွယ်များမှ လက်သန်းကြွယ်လေးတွင် ရိပ်ထင် စွပ်ပေးထားသည့် ပလက်တီနမ်လက်စွပ်လေးမှ စိန်ပွင့်လေးသည် ဖျက်ခနဲဖျက်ခနဲ။

" ကဲ.... ကိုကြီးရဲ့မောင်ရာ အဲ့လောက်ကြီး ကြည့်မနေပါနဲ့ လူကြားထဲမှာ "

ဝသာန်သည် ခြွေ့အား ပေါက်ထွက်မတတ်ပင် ချစ်ရည်ရွှမ်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် ရိပ်ထင်ကြောင့် အမြင်ကပ်စွာ ပြောလိုက်သည်။တရားရုံးလာ၍ လက်မှတ်ထိုးမည်ဖြစ်ရာ ရှေ့နေကြီးသည် အလုပ်ကိစ္စတစ်ခုကြောင့် နောက်ကျနေသဖြင့် ရုံးခန်းရှေ့တွင် ထိုင်စောင့်နေရသည်။

သူတို့၏ နှစ်ဦးသဘောတူ လက်ထပ်စာချုပ်၌ လက်မှတ်ရေးထိုးမည့် အခမ်းအနားသို့ မိခင်ဖြစ်သူ ဒေါ်ဝင့်ဝါထည်က ဦးဆောင်၍ ဝသာန်က ခြွေ့ဘက်မှ သက်သေ အဖြစ် ၊ မင်းခန့်ချောက ရိပ်ထင်ဘက်မှ သက်သေအဖြစ် လိုက်ပါလာသည်။

ခြွေသည် ဝသာန့်အပြောကြောင့် ဟက်ခနဲ ရယ်သွေး၍ ရိပ်ထင်အားကြည့်လေသည်။ လည်ကတုံးအင်္ကျီအဖြူလေးနှင့် ပိုးပုဆိုးအပြာလေးကိုတွဲဝတ်ထားသည့် ရိပ်ထင်မှာ ထောင်ထောင်မောင်းမောင်း အရပ်နှင့် အတော်ပင် ခန့်ညားလွန်းနေသည်။ တည်ကြည်သော မျက်နှာထားက ဝသာန်၏ စကားကြောင့် မျက်ခုံးနှစ်ခု တွန့်ချိုးကာ ဝသာန့်အား ပေစောင်းစောင်းပြန်ကြည့်လိုက်၏။ ဝသာန်က သူ့အား ဘီးလူးမျက်စောင်းဖြင့် ရိပ်ထင်က ကြည့်လာလျှင် မင်းခန့်ချောနားသို့ မသိမသာလေးတိုးကပ်သွားကာ မျက်နှာလွှဲထားလိုက်ပါသည်။
ချိတ်ဝမ်းဆက် ရွှေဝါရောင်ကို ဝတ်ဆင်ထားသည့် ဒေါ်ဝင့်ဝါထည် သည် ကျက်သရေရှိသော အလှတို့ဖြင့် ပြည့်စုံလျက်ရှိ၏။ ပါးရည်နားရည်တွန့်နေပြီ ဖြစ်သော်လည်း ဒေါ်ဝင့်ဝါထည်၏ ရင့်ကျက်သာအလှနှင့် အရှိန်အဝါ မှာ နည်းနည်းမှပင် မကျပေ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now