ခမ်းနားသော အိမ်ကြီး၏ ထမင်းစားခန်းတွင် ခြွေတို့ မိသားစုသည် တိတ်ဆိတ်စွာ ထမင်းစားနေကြသည်။ည၇နာရီသာရှိသော်လည်း စိတ်ငြိမ်ရပ်ကွပ်ဖြစ်၍ ညအချိန်သည် ပို၍တိတ်ဆိတ်နေသည်။ ထမင်းစားလျှင် စကားမပြောရ ပါးစပ်မှ အသံမမြည်ရဟူသော ခြွေ့ဖေဖေ ကိုထိုက်ဘုန်း၏ စည်းကမ်းကြောင့် မိသားစုထမင်းဝိုင်းလေးသည် တိတ်၍နေသည်။ ခြွေ့မေမေ စံပယ်ကတော့ အသားဟင်းလေးကို နွှင်ပေး၍ ခြွေ့ထမင်းပန်းကန်ထဲ ထည့်ပေးကာ ချစ်မဝသည့် သားလေး ထမင်းစားနေပုံကို တစိမ့်စိမ့်ကြည့်လိုက် ထမင်းစားလိုက်ဖြင့် သူမမှာ မအားနိုင်။ ကိုထိုက်ဘုန်းကတော့ ခြွေတို့ သားမိကို ကြည့်၍ ကြိတ်ပြုံးကာ ထမင်းဆက်စားသည်။ ခြွေသည် မေမေ ထည့်ပေးသော ဟင်းနဲ့ ထမင်းကို အရသာရှိစွာ ခေါင်းမဖော်ပဲ တမြုံ့မြုံ့စားနေသည်။ ရိပ်ထင်တို့ မိသားစုကတော့ ခြွေထက် အရင်စားသောက်ပြီး၍ သူ့တို့ အခန်းကိုယ်ဆီ ဝင်သွားကြပြီ ။
" ခြွေ ငါ့ကို chemistry စာအုပ် ခဏလောက်ငှါးပါ "
ဆံပင်များဖွာလန်ကျဲနေကာ တစ်ဖက်မှ ဘောပင်ကိုင်၍ ခြွေ့ဘေးလာရပ်ကာစာအုပ်လာငှါးသော ရိပ်ထင်သည် သူ့ အခန်းထဲတွင် စာလုပ်နေရင်း ဆင်းလာပုံရသည်။
" အင်း ယူ "
ဖေဖေနှင့်မေမေစားပြီးသော ထမင်းပန်းကန်တို့ကို ယူ၍ ဘေစင်သို့ သွားရင်း ခြွေလှမ်းပြောလိုက်သည်။ ရိပ်ထင်လည်း အပေါ်ပြန်တက်သွားကာ ခြွေ့အခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲ၌ ရှင်းလန်း သပ်ရပ်နေသော စာကြည့် စားပွဲလေးသည် ရိပ်ထင်အား လှောင်နေသလို။ ရိပ်ထင်၏ အခန်း စာကြည့်စားပွဲသည် ရှုပ်ပွကာ တစ်ခါတလေ အဝတ်တွေတောင် တင်ထားသေးသည်။ သန့်ရှင်း သပ်ရပ်နေသော အခန်းလေးကို ရိပ်ထင် နှာခေါင်း ရှုံ့၍ စာကြည့် စားပွဲတွင် တင်ထားသော ခြွေ၏ လွယ်အိတ်လေးထဲမှ chemistry စာအုပ်ကို ရှာလိုက်သည်။ လိုချင်နေသော စာအုပ်ကိုတွေ့သည်နှင့် ရိပ်ထင် ဆွဲထုတ်လိုက်တော့ စာရွက်လေးတစ်ရွက်သည် ခုံအောက်သို့ ကျသွားလေသည်။
" ဟင် ဘာပါလိမ့် "
လက်ထဲမှ chemistry စာအုပ်လေးကို စားပွဲပေါ် ခဏထားကာ အောက်သို့ ကျသွားသည့် စာရွက်လေးအား လှမ်းကောက်လိုက်သည်။ စာရွက်လေးမှာ မိုးပြာရောင်လေးဖြစ်ပြီး ရေမွှေးသင်းသင်းအနံ့ရသည်။ ခေါက်ချိုးထားသည့် စာရွက်ကို ဖြန့်ကာ အထဲက အကြောင်းရာများကို သိလို့စိတ်ဖြင့် ဖတ်မိတော့..........။ ရိပ်ထင် ၏ မျက်ခုံးတို့သည် တွန့်ချိုးသွားပြီး မျက်နှာပေါ်၌ ဒေါသရိပ်တို့ လွှမ်းခြုံသွားသည်။
YOU ARE READING
ခြွေ (ခြွေ) (Completed)