part 14(z+u)

20.1K 2.5K 55
                                    

တစ်လဆိုသောအချိန်ကာလသည် အလွန်ပင်တိုတောင်းလွန်း၏........။ အပန်းဖြေခရီးက ပြန်လာ၍ တစ်ပတ်လောက်ပင် နားလိုက်ရသည် တစ်လဆိုသော အချိန်သို့်ရောက်ရှိသွားပြန်သည်။မနက်ဖြန်ဆို ခြွေတို့ ဘော်ဒါဆောင်မှာ သွားနေရတော့မည်ဖြစ်သည်။ ဘဝ၏ တစ်ဆစ်ချိုးဖြစ်သည့် ၁၀တန်းစာမေးပွဲဟူသော အချိန်ကြီးကို အားကြိုးမာန်တတ် ချီတက်ရတော့မည်။

" သား င်္အကျီတွေသေချာထည့်နော်  လိုအပ်တာတွေဆုံပြီလား ဆေးထုတ်တွေရော ပါပြီလား "

ကုတင်ပေါ်၌ထိုက်၍ အိတ်ထဲသို့ အဝတ်စားများထည့်နေသည့် ခြွေ့ကို စံပယ်သည် ဘေးမှ တတွတ်တွတ်မှာနေသည်။

" အကုန်စုံပါပြီ မေမေရယ် "

" အင်း မေမေက ကျန်ခဲ့မှာစိတ်ပူလို့ပါ ပြီးတော့ အစားသောက်ဆင်ခြင်နော် ရေလည်းအကြာကြီးမချိုးရဘူး အပူမရှပ်စေနဲ့ နေမကောင်းမဖြစ်အောင် ဂရုစိုက်ရမယ်နော် သားလေး "

" ဟုတ်ကဲ့ သားသိပါတယ် မေမေရဲ့ ...... သားမေမေနဲ့ မခွဲချင်ဘူး "

သူမနှင့် ခြွေကြားရှိ အိတ်ထုတ်ကြီးကို ဘေးသို့ တွန်းလိုက်ကာ ခြွေသည် သူမရင်ခွင်ထဲသို့ တိုးဝင်၍ ဝမ်းနည်သောအသံလေးဖြင့် ပြောသည်။

" မေမေလည်း မခွဲချင်ပါဘူး သားလေးရယ် မေမေက ပိုတောင်မခွဲနိုင်သေးတယ် ဒါပေမဲ့ သားဘဝ သားပညာရေးအတွက်ပဲဟာ မေမေတို့ ခဏတော့သည်းခံရမှာပေါ့နော် အဲ့တော့ သားက လိမ်လိမ်မာမာနေ စာကြိုးစား ဆရာတွေစကားနားထောင် ဂုဏ်ထူးတွေအများကြီးထွက်အောင် ကြိုးစားနော် "

ရင်ခွင်ထဲမှ ချစ်မဝသည့် သားငယ်ကို သူမတင်းကျပ်စွာ ဖက်ထား၍ မျက်ရည်ဝဲကာပြောလေသည်။ ဒီနေ့ ဒီအချိန်ထိ သူမသည် သားနဲ့ အချိန်အကြာကြီးခွဲနေဖူးတာမဟုတ်။ မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် သူမသားငယ်ကို သူမတုန်နေအောင်ချစ်သည်။ သားသမီးပေမယ့် သူမအတွက်တော့ ခြွေသည် ရတနာလေးပင်ဖြစ်သည်။ အဖိုးမဖြတ်နိုင်သော ရတနာလေးပင်......။

"စိတ်ချပါမေမေ သားမေမေ ဖြစ်စေချင်တာတွေ ဖြစ်အောင် နေပါ့မယ် သားကြိုးစားမှာပါ "

ခြွေ (ခြွေ) (Completed) Tahanan ng mga kuwento. Tumuklas ngayon