part 9 (Z+U)

20.5K 2.6K 41
                                    

အသားရည် ဖြူနုသူမို့ ထိခိုက်လွယ်သည်မှာ ခြွေစိတ်ညစ်ရသည်။ နို့နှစ်ရောင် အသားရည်ပေါ်တွင် ချယ်ရီရောင် အနီကွက်ကြီးများက လည်ပင်းသားနှင့် ရင်ဘတ်တစ်လျှောက်တွင် ထင်းနေသည်။ အတွင်းရင်ဘတ်ကတော့ င်္အကျီကြောင့် မမြင်ရပေမဲ့ လည်ပင်းသားမှာ ရဲနေသည်။ မှာထားသည့် အစားစာများ လာရောက် ချပေးသောအခါ ခြွေ အံ့သြရသည်။ သူမှာလိုက်တာ ရိုးရိုးမုန့်ဟင်းခါးသာဖြစ်သော်လည်း မုန့်ဟင်းခါးနှင့်အတူ မြေအိုးအလှခွက်လေးများထဲတွင် ပဲကပ်ကြော်၊ ဘဲဥစိတ်လေးများ ၊ ငါးဥကလေးများ ၊ဘူးသီးကြော်ချောင်း သုံးခုနှင့် ရှောက်သီးစိပ် ငရုတ်သီးမှုန့် ငံပြာရည် စသည်တို့သည် မြေအိုးခွက် သေးလေးများတွင် စားချင်စဖွယ် ပြင်ဆင်ထားသည်။ ထို့အပြင် နံနံပင် ပဲသီး ပဲပင်ပေါက် စသောအရွက်လေးများနှင့်စားလို့ရအောင်လည်း ကြိမ်ခြင်းလေး၌ ထည့်ထားပေးသည်။ ကောက်ညှင်းပြန်ပေါင်းမှာမူ အနံလေးများသင်းနေ၍ ပဲဆီဖြင့် ဆီစိမ်ထားသော ငါးခြောက်ဖုတ်လေးများမှာ စားချင်စဖွယ်ပါ ။နှမ်းထောင်း ၊ အုံးသီးခြစ်များကို သပ်သပ် ပန်းကန်လေးဖြင့် ချပေးထားသည်။ သပ်ရပ်၍ စနစ်ကျလှသော အစားသောက်ပြင်ဆင်မှုများကို ခြွေ အတော်ပင် သဘောကျသွားသည်။

" စားလေ ကလေးသားလေးရဲ့ "

" ဟုတ် "

"ရော့ ထည့်စားနော် "

အနံ့တထောင်းတောင်းဖြင့် မုန့်ဟင်းခါးပန်းကန်လေးထဲသို့ မင်းခန့်ချော သည် ဘဲဥစိတ်လေးများကို ထည့်ပေးတာကြောင့် ခြွေ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။လျှာလည်သွားအောင် ကောင်းလွန်းသည် မုန့်ဟင်းခါးကို ခြွေ အတော်ကြိုက်သွားသည်။ စားဖူးသမျှထဲမှ ဒီမုန့်ဟင်းခါးသည် အကောင်းဆုံးဖြစ်မည်။

" ကိုကို "

မရင်းနှီးသည့် ခေါ်သံနှင့်အတူ ခြွေတို့ စားပွဲဘေး လာရပ်သော ကောင်လေးသည် မင်းခန့်ချောအား စူးစိုက်ကြည့်နေသည်။

" ထိုင်မယ်နော် "

ခြွေမျက်နှာအား ခပ်စူးစူးကြည့်၍ ခွင့်တောင်းသည်မဟုတ် အသိပေးသည့် အပြုမူဖြင့် ခြွေနှင့် ဘေးခုံ ၌ ဝင်ထိုင်သည်။ ခြွေလည်း ခေါင်းလေးငြိမ့်ပြ၍ မင်းခန့်ချောအား အကဲခတ်ကြည့်လိုက်တော့ အစ်ကို့မျက်နှာသည် အနည်းငယ် ပျက်နေသည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now