part 17(z+u)

19.2K 2.4K 235
                                    

ယုံကြည်ချက်တစ်ခုကိုလက်ကိုင်ထားတာ ရူးမိုက်သည့် လုပ်ရပ်တစ်ခုကို လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကိုယ့်အနားကို သူပြန်လာဖို့အတွက် ဘယ်လိုနာကျင်မှု ဒဏ်ရာမျိုးမဆို ခြွေခံယူရဲပါသည်။

အဆောင်နောက်အောက်ထပ်သို့ ပြေးဆင်းသွား၍ လှေအားအကွယ် ထောင့်တစ်နေရာတွင် ဆေးလိပ်ခိုးသောက်နေသည့် ခပ်ဆိုးဆိုး ကျောင်းသားနှစ်ယောက်ကို ခြွေတွေ့လိုက်သည်။ ထိုနှစ်ယောက်သည် ကျောင်းသားများအနည်းငယ်ကြောက်ရပြီး ဂျစ်ကန်ကန်နိုင်သည်။ ဝရံတာမှ ထိုကျောင်းသားနှစ်ယောကိုမြင်သည်နှင့် ခြွေသည် ပြသာနာအိုးကို လက်သီးဖြင့်ထိုးရန် ရည်ရွယ်လေသည်။ ထိုကျောင်းသားနှစ်ယောက်ရှိရာသို့ အပြေးလိုက်သွား၍ ထိုကျောင်းသားနှစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။

" ဘာလဲဟ! ! "

ဆေးလိပ်အငွေ့များကို ရှူရှိုက်နေသည့် ကျောင်းသားတစ်ယောက်သည် ခြွေအား မှုန်ကုတ်ကုတ်ကြည့်၍မေးလေသည်။ လူကောင်သေးသေးခြွေသည် ယုံကြည်ချက်တစ်ခုကို လက်ကိုင်ထား၍ သက်သေတစ်ခု အတည်ပြူချင်နေပုံရသည်။

"ခွပ်!!!! "

" ဟာ ခွေးမသား ဗလိုင်းကြီး "

အားပြင်းပြင်းလက်သီးတစ်ချက်သည် ဆေးလိပ်သောက်နေသည့် ကျောင်းသား၏ မျက်နှာပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားသည် ။ ကိုယ်ရှေ့လာရပ်ကာ အကြောင်းမရှိဘဲ အထိုးခံလိုက်ရသောကြောင့် ခပ်ဆိုးဆိုးကျောင်းသားနှစ်ယောက်၏ ဒေါသသည် တာဆူသွားလေသည်။ တစ်ယောက်က ဆဲရေး၍ ခြွေ့အား လက်ပြန်ချုပ်ကာ တစ်ယောက်က မျက်မှန်ဝိုင်းလေးကျွတ်ထွက်သွားသည်အထိ ထိုးသည်။ ပြင်းထန်သည့် လက်သီးချက်များ ထိုးခံနေရသည့်ကြားမှ ခြွေသည် ခြေထောက်ဖြင့် ရှေ့လူ၏ ဗိုက်လို့ လှမ်းကန်လိုက်တာကြောင့် ဒေါသအား ပိုဆွပေးသလိုဖြစ်သွားသည်။ လူဆိုးစရင်းဝင် ဂျစ်ကန်ကန်ကျောင်းသားတွေမို့ လူရွယ်ချင်းမမျှသည်ကိုလည်း မမှုတော့....။ မိမိကို ရန်လာစသည်မှာ ဒီကောင်လေးဖြစ်သောကြောင့် ပါးစပ်မှ သွေးမှ အန်လာသည်အထိ ထိုးနေသည်......။ အသားနာသည်ထက် ရင်ထဲမှ ပိုနာလာသည်........။ ရိပ်ထင်လာမှာပါဟု စိတ်ထဲ၌တစ်ကြော်ကြော်အော်နေပေမယ့် ရိပ်ထင်သည် အရိပ်တောင်မမြင်ရပါ.........။ ကျောင်းသားနှစ်ယောက်သည်လည်း ထိုးလို့ဝသွားသော် သွေးများဖြင့် မြင်မကောင်းသည့် ခြွေ့ကို ပစ်ချလိုက်သည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now