part 41(z+u)

15.6K 1.7K 26
                                    

"အခုတလော ညဘက်တွေ အိပ်ရဲ့လား ကိုခြွေရံမင်း "  

မဟူရာရောင်ပြောင်လဲ့နေသည့် ဆိုဖာကြီးပေါ်တွင် ခြွေ ခါးမတ်ထိုင်ရင်း ဒေါက်တာ ထွန်းကိုကိုလတ်အား တစ်ချက်ကြည့်ကာ ခေါင်းကိုညင်သာစွာခါလိုက်သည်။    

" သမီး ဆုံးတဲ့နေ့ကစပြီး အိပ်မပျော်တာ ဒီနေ့အထိပါပဲ ဒေါက်တာ"   

ဒေါက်တာထွန်းကိုကိုလတ်သည် တပ်ထားသည့် မျက်မှန်လေးထောင့်ကို ပင့်လိုက်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့် ။

" ကျနော်လည်း သားသမီးရှိတဲ့မိဘတစ်ယောက်မို့ ခင်များခံစားချက်ကို ကိုယ်ချင်းစာပါတယ် ဒါပေမယ့် ဒီပုံစံသာဆိုရင် ခင်များ ကျန်းမာရေး ထိခိုက်လာနိုင်တယ်ဆိုတာ ခင်များသိမှာပါ ။ ခင်များသမီးအတွက် ရက်လည်တောင် လုပ်ပြီးနေပြီပဲဗျာ ကလေးငယ်က ကောင်းရာဘုံဘဝကိုကူးပြောင်းမှာပါ။ ခင်များစိတ်ကိုလည်း ရအောင်ဖြေကြည့်ပါ သြော်.....ခင်များက ဗုဒ္ဓဘာသာမဟုတ်လား " 

"ဟုတ်ပါတယ် ဒေါက်တာ "   

"အင်းးး ဒီလိုဆိုရင်တော့ ခင်များစိတ်ကို ဘာသာရေးနဲ့ ကုစားကြည့်သင့်တယ်။ ဘုရားရိပ်တရားရိပ်ဆိုတာ အအေးချမ်းဆုံးပါပဲဗျာ ။ ခင်များရဲ့ ပူလောင်နေတဲ့စိတ်တွေကို အေးချမ်းပေးနိုင်မှာ ဘုရားတရားပဲရှိပါတယ် ကျနော်ပြောတာက တရားထိုင် ပုတီးဆိတ်တာတို့ပေါ့ "    

"ဟုတ်ကဲ့ ဒေါက်တာ"   

" တခါတလေမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို တစ်ယောက်ယောက်ကိုဖွင့်ပြောပြီး နားထောင်ခိုင်းသင့်တယ်။ခင်များက ကြံခိုင်တဲ့လူဆိုတာ ကျနော်သိပါတယ် ။ ဒါပေမယ့် တခါတလေ တော့ ခင်များ ပြိုလဲလို့ရတယ် ပင်ပန်းရင် ပင်ပန်းတယ်လို့ ညည်းလို့ရတယ် တစ်ယောက်ယောက်ကို ခင်များဒုက္ခတွေဖွင့်ပြောပြီး sharing လုပ်လို့ရတယ် တအားကြီး စိတ်မာချင်ယောင်ဆောင်မနေပါနဲ့ ခင်များလည်း လူထဲကလူမို့လို့ ခင်များစိတ်ကို ဖွင့်ချပြီးနေသင့်တယ် "   

" ကျနော်သိပါတယ် ဒေါက်တာ ဒါပေမယ့် ကျနော့် အပူတွေကို ပြောပြီး တစ်ပါးသူကိုပါ မကူးဆက်စေချင်ဘူး ဥပမာ မှိုင်းရိပ်ထင်ပေါ့ ဒေါက်တာ ကျနော့်အတွက်ကြောင့်နဲ့ သူ့ကိုပါ စိတ်မဆင်းရဲစေချင်လို့ပါ "    

ခြွေ (ခြွေ) (Completed) Where stories live. Discover now