ဇာတ်လမ်းမိတ်ဆက်

9.3K 100 2
                                    

✿နှလုံးသားနီးနီး...စည်းပါးပါး✿

ဇာတ်လမ်းမိတ်ဆက်...

စက်ဝန်းအလွန်နှင့် အနှစ်သာရတို့ စတင်တွေ့ဆုံခြင်း....

"မင်းသာအနှစ်သာရပါးကို နမ်းနိုင်ရင် မင်းရဲ့တစ်နှစ်စာ နေ့လည်စာကို ကျွေးမယ် တစ်နှစ်နော် တစ်နှစ်"

"ဘယ်လိုလဲ အိုခေလား "

"ကောင်းပြီ...ငါသွားပြီ စောင့်ကြည့်နေ..."

"ခဏ စက်ဝန်း..."

"ဘာလဲ"

"အနှစ်သာရက လက်မြန်တယ်တဲ့နော် သတိထားဦး..."

သူငယ်ချင်းဖြစ်သူ ထင်ရှားသူရရဲ့သတိပေးချက်ကို နားထောင်ခဲ့ပေမဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမိသောသူ...

အနမ်းတစ်ပွင့်ပေးနိုင်ခဲ့ပေမဲ့ ရလာဒ်က ပါးတစ်ဖက်တော့ပြန်ပေးဆပ်ခဲ့ရသည်။

ကံကြမာက ထူးဆန်းလေစွ။ စက်ဝန်းအလွန်ပါးနမ်းခဲ့တဲ့ကောင်မလေးရဲ့ အစ်ကိုက သူငယ်ချင်းဖြစ်နေပြန်လေသည်။

✿⁠............✿⁠...........✿⁠

"တောင်းပန်တယ်..."

"မလိုဘူး သူများပြောမှတောင်းပန်တာမျိုး မလိုအပ်ဘူး ပြီးတော့ ကျွန်မအတွက် ပါးနမ်းခံရတာက ရိုးနေပြီ မှတ်တောင်မမှတ်မိတော့ဘူး ရည်းစားဟောင်းက နမ်းတာလို့ပဲ မှတ်လိုက်ပါမယ်"

✿⁠............✿⁠...........✿⁠

"မင်း ငါ့ကိုကြိုက်ရင် ကြိုက်တယ်ပြော! သူများကို ပြောစရာမလိုဘူး "

"ဆုတောင်းလေ ရှင့်ကိုဘာလို့ကြိုက်ရမှာလဲ သူများကိုလည်းမပြောဖူးပါဘူး..."

"မကြိုက်ရင်ပြီးတာပဲ "

"အဟက် ရှင့်ကိုယ်ရှင်သိပ်အထင်ကြီးမနေနဲ့ လူ့ဂွစာရဲ့ ကျွန်မရှင့်ကိုကြိုက်မဲ့အစား ငှက်ပျောပင်ပဲဖက်အိပ်မယ်"

✿⁠............✿⁠...........✿⁠

Valentine Day...

"အနှစ်သာရ..."

"အင်း "

"အနှစ်သာရဟုတ်ပါတယ်..."

"အင်း ကျွန်မကိုဘယ်သူလို့မြင်နေတာလဲ "

"အနှစ်သာရပဲ..."

"အင်းလို့ "

"နမ်းချင်တယ်!..."

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now