Part(31)

1.4K 50 3
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(31)

(5)နှစ်ကြာပြီးသည့်နောက်...

စက်ဝန်း အနှစ်နဲ့တူတဲ့ကလေးမျိုးရချင်သည်။ ကလေးချစ်တတ်တဲ့အထဲမပါပေမဲ့ ချစ်ရတဲ့အမျိုးသမီးနဲ့တူတဲ့ကလေးတော့ရချင်သည်။ အခုတော့ မာနကြောင့်ချခဲ့တဲ့ဆုံးဖြတ်ချက်တွေကြောင့် သူ့ရဲ့ပထမဆုံးကလေးကို မြင်တွေ့ခွင့်မရတော့။ ရက်တွေဆက်တိုက်ကနေ နှစ်တွေဆက်တိုက်ထိရှာခဲ့ပေမဲ့ အနှစ်သာရဆိုသောအမျိုးသမီးလေးကို ရှာတွေ့ခဲ့ခြင်းမရှိပေ။ အပုန်းကောင်းလွန်းသည့်သူမကတော့ တစ်နေရာမှာ သားသားလား၊မီးမီးလားမသိတဲ့သွေးသားလေးနဲ့ရှင်သန်နေလောက်ပါရဲ့။

"ဆရာ! "

တံခါးခေါက်သံနှစ်ချက်ဖြင့် အခန်းထဲဝင်လာသူကတော့ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ဇေယျာခန့်။ အချိန်တွေပြောင်းလဲလာသည်နှင့်အမျှ သူသည်လည်း ရှေ့အဆင်ဆင့်တိုးကာ မြန်မာနိုင်ငံရဲ့Top 10ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ MJ Businessရဲ့အရေးပါသူဖြစ်လာလေပြီ။ ထိပ်တန်းရှေ့နေတစ်ယောက်ဖြစ်လာတာနဲ့အမျှ သူ့ကြော်ကြားမှုက တဟုန်ထိုး။

"ဘာဖြစ်လို့လဲ"

"CEOက တိုင်ပင်စရာရှိလို့ ခဏလောက် သူ့ရုံးခန်းကို လာခဲ့ပေးပါတဲ့ဗျ"

"အင်း လာခဲ့မယ်"

"ဟုတ်ကဲ့"

သူ့လက်ထောက်ထွက်သွားပြီးခဏကြာသည်အထိ သူ အနှစ်အကြောင်းစဉ်းစားနေမိဆဲ။ နောက်တစ်ခါ ဇေယျာခန့်အသိလာပေးမှ စီအီးအိုရဲ့ရုံးခန်းကို ရောက်ဖြစ်တော့သည်။

"ကျွန်တော့်ကိုခေါ်တယ်ဆို"

အခန်းထဲဝင်ဝင်ချင်း သူမေးလိုက်သည်။ စီအီးအိုမှာ ဧည့်သည်ရှိတာတွေ့ပေမဲ့ မျက်နှာတင်းတင်းနဲ့ပင် လွှတ်နေသည့်ထိုင်ခုံမှာဝင်ထိုင်ကာ မေးသည်။

"မင်းကို အလုပ်အပ်မလို့ ငါ့သူငယ်ချင်းမို့ ကူညီပေးပါဦး"

"ကျွန်တော်မအားဘူး ပြီးတော့ ကျွန်တော်က စီအီးအိုရဲ့ဝန်ထမ်း! တခြားသူကိုသာ စီအီးအိုခေါ်လိုက်ပါ...ပြောစရာကဒါပဲဆိုရင် သွားခွင့်ပြုပါဦး"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now